မောင်ကသူပြောတာကိုယုံယုံကြည်ကြည်နားထောင်ပြီး....အစီအစဥ်ချဆွဲသည်...နောက်တစ်နေ့ညီလာခံမှာ အားလုံးကို ဖော်ထုပ်ကာအပြစ်ပေးမည်ပင်.....
°°°°°°°°°°••••••••••••°°°°°°°°°°°°••••••••••°°°°°°°°°•••••••••
နောက်တစ်နေ့မနက်တွင်........
ညီလာခံမှာ အပ်ကျသံတောင်မကြားရလောက်အောင်ကိုတိတ်ဆိတ်နေကြသည်.....မိဘုရားနဲ့ကိုယ်လုပ်တော်တွေပါညီလာခံမှာရှိနေကြပြီး....အတိုင်းတိုင်းအပြည်ပြည် ကဘုရင်တွေပါရောက်နေသည်....နန်းတွင်းရှိမူးမတ်တွေရော်အပါပင်......စစ်သူကြီးဝေ့ဝူရှန့်ကတော့ဘုရင့်ပလ်လင်ဘေးကထိုင်ခုံတော်တွင်နေရာယူကာ.....
တိတ်ဆိတ်နေတဲ့ညီလာခံခန်းမဆောင်ထဲ ဘုရင်လန်ဝမ်ကျီးရဲ့အသံဟာဟိန်းထွက်နေလေသည်...
"အားလုံးပဲ ခုညီလာခံမှာငါပြောတဲ့စကားကိုအသေအချာနားထောင်ပေးကြပါ....ခုကျူပ်နန်းတော်ထဲမှာ....ပုန်ကန်သူတွေရှိနေတယ်.."
ထိုစကားအဆုံးခန်းမထဲကလူတွေအားလုံးတီးတိုးအသံများထွက်ကုန်သည်....အပြစ်ရှိသူမိဘုရားတွေကတော့...မျက်နှာကွပ်ကနဲပျက်သွားသည်ကိုဝေ့ဝူရှန့်နဲ့လန်ဝမ်ကျီးမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်....
"ဘာလို့ဒီလိုတစ်ထစ်ကျပြောရတာလဲအရှင်မင်းကြီး"
ဇီးယန်း တိုင်းပြည်ရဲ့ဘုရင် မိဘုရားခေါင်ယန်းဇီမိဘုရားခေါင်ရဲ့ဖခင်ဖြစ်သူကမေးလိုက်ခြင်းပင်......
"ဒါက ငါရိပ်စားမိလို့ပဲ"
"သက်သေရှိမှာပြောပါအရှင်မင်းကြီး"
"မှန်ပါတယ်အရှင်မင်းကြီးသက်သေလိုပါသေးတယ်"
မိဘုရားဟွားလီရဲ့ဖခင် ကာကွယ်ရေးအမတ်ကလဲဝင်ထောက်ပြောကြားတော့.....ခန်းမထဲရှိလူများကလဲ သူတို့နှစ်ယောက်စကားကိုထောက်ခံကြသည်.....
"အားလုံးတိတ်တိတ်နေကြ...ငါကိုယ်တော်ပြောမယ်....မိဘုရားခေါင်ယန်းဇီ.....မိဘုရားဟွားလီ...မိဘုရားရူရူံး...မိဘုရား..ချန်းယီ..မိဘုရား... စုံမိန်....မိဘုရား..ဟန်လော့...မိဘုရား...လီမို့....မိဘုရား ဟာမို...မိဘုရား...ကျင်းကျန်..မောင်းမ အနီဆင့် သုံးယောက်ဖစ်တဲ့ လုလု...စူရွန်း...လီခု...ကိုယ်လုပ်တော် အပြာရောင်အဆင့်ရှိတဲ့...ချားလီ....ချူမိန်...မိဘုရားယန်းဇီရဲ့ဖခင်ဖြစ်တဲ့...ဇီးယန်း တိုင်းပြည်ကဘုရင်ယန်ချွင်မင်း...ကာကွယ်ရေးအမတ်...လီဟန်..."

YOU ARE READING
System ကပေးတဲ့မောင်💛
AcciónSystem ficလေးပါဖတ်ဖူးသူလဲရှိမယ်ထင်တယ် ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ် ပြန်တင်ပေးလိုက်ပါပြီနော်❤