"ဘာ ဧကရီက ကျွန်တော်သား ဟုတ်လား"
"အဟွတ် အဟွတ် ဖြေးဖြေးပြောပါ ကောင်လေးရယ် ဟင်းရည်တောင်သီးတယ်"
"အာ တောင်းပန်ပါတယ် ကျွန်တော်သုတ်ပေးမယ်နော်"
လူကြီး နူတ်ခမ်းနုနုလေးတွေကို တယုတယ သုတ်ပေးနေသည်.....ဒီလိုအနီးကပ်ကြည့်ခွင့်ခုမှရတာလေ...ကလေးရတယ်သာဆို ဘာမှန်းတောင်မသိလိုက်...ခုမှ မျက်နှာလှလှလေးကိုတဝကြီး ငေးရတော့တယ်...
"အဟမ်း ရပြီ ရပြီ...မင်းငါနဲ့ဝေးဝေးနေ"
"ဟမ် လူကြီး က အမျိူးမျိူးပဲဗျာ"
"ကောင်လေး မင်းကိုငါက သိခွင့်ရှိတာကိုပြောပြယုံပဲ မင်းကိုမျှော်လင့်ချက်ပေးတာမဟုတ်ဘူး"
"ကျွန်တော်ကတော့ မျှော်လင့်ချက်ရှိတယ်"
"မင်း... ကောင်လေး မင်းနဲ့ငါက အမျိူးတွေတော်တယ်လေ"
"ကျွန်တော်ဂရုမစိုက်ဘူး တကယ်လို့အမျိူးတော်တယ်ဆိုတောင် သားလေး မျက်နှာပြန်ကြည့်ပေးပါလာနော် လူကြီး"
"အဟင်းးး တာမွန် က သူငယ်နပ်စားမှမဟုတ်တော့တာ ဘုရင်နှစ်ယောက်ရဲ့ ဧကရီတောင်ဖြစ်နေပြီ...ခလေးတွေတောင်ရလို့ မကြာခင် အဖေရယ်လို့အခေါ်ခံရတော့မဲ့ဟာကို"
"ဒါဆို ကျွန်တော်က ညီအကိုဖိုးဖိုး ဖစ်သွားတာပေါ့"
"ခွီး....ဟားဟား ဟုတ်တယ် "
"အဲတော့...."
"အွန် အဲ့တော့ဘာဖစ်လဲ"
"ကျွန်တော်နဲ့ လက်ထပ်လေ"
"ငါတို့က အမျိူး...အွန့်.."
"ပြွတ်....အဲ့အမျိူးဆိုတာထပ်ပြောရင် လူတစ်ကောင်လုံးကိုကျွန်တော်မြိုပစ်မယ်"
တာဗရီး...ဘာမှတောင်ဆက်မပြောရဲတော့ပေ...မထင်မှတ်ပဲအနမ်းခံလိုက်ရပြန်ပြီ ဒီစက်ကွင်းက တစ်သက်လုံးရူန်းထွက်ဖို့အင်အားမရှိတော့ဘူးထင်ပါတယ်......
ငြိမ်ပြီးတိတ်သွားတဲ့ လူကြီးကိုချစ်လွန်းလို့ ငုံထားလိုက်ချင်ပြီ...မချစ်တာလဲမဟုတ်ဘဲနဲ့ လူကြီးကမညာတက်တာ ကျွန်တော်အသိဆုံးပါ....
YOU ARE READING
System ကပေးတဲ့မောင်💛
ActionSystem ficလေးပါဖတ်ဖူးသူလဲရှိမယ်ထင်တယ် ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ် ပြန်တင်ပေးလိုက်ပါပြီနော်❤