《3》

3K 118 2
                                    

သိန်းထင်အလန့်တကြားနဲ့အထုတ်အပိုးတွေပြင်ကာ
ပြန်ဖို့လုပ်နေသည့်သူငယ်ချင်းကိုမတားရက်ပေ
ဒီနေ့ကိစ္စကသူတို့ကိုတောင်အတော်လေးလန့်စေတာ
ကာယကံရှင်ဖြစ်တဲ့အပိုင်ဆိုပြောစရာတောင်လိုမှာမဟုတ်ဘူး

"လာလာ အပိုင်ငါလှည်းနဲ့လိုက်ပို့ပေးမယ်
ဟိုကောင်မသိခင်သွားမှ..."

အပိုင်လည်းလှည်းပေါ်တက်လိုက်သည်
ဒီရွာကလွန်ရင် ဟိုတဇွတ်ထိုးတဇောက်ကန်းလက်ကသူလွတ်ပြီ

ကံဆိုးသူမောင်ရှင်ဆိုသူမှာအပိုင်မှအပိုင်စစ်စစ်
ရွာကအထွက်မှာတင် ထန်းတောကပြန်လာသည့် ဟိုလူရမ်းကားနှင့်တည့်တည့်သွားတိုးသည်

ထန်းရည်လေးထွေထွေဖြစ်နေသည့် စံမောင်မှာလှည်းပေါ်ကအပိုင်ကိုတွေ့လိုက်တော့
အခြေအနေကိုသဘောပေါက်သွားကာ
ဒေါ်သတကြီးတောက်ခေါက်လိုက်သည်

"ပိုင်! ဘယ်သွားမလို့လဲ အခုလှည်းပေါ်ကဆင်းလာစမ်း "

အပိုင်ပေကပ်ကပ်နဲ့ငြိမ်နေလိုက်သည်
ဘာလို့သူ့စကားနားထောင်ရမှာလဲ

" မောင်ဒေါသထွက်လာပြီနော်! "

"မဆင်းဘူး! မဆင်းတော့ဘာလုပ်ချင်လဲ"

"ခင်ဗျားမဆင်းရင် မောင်လာမယ်"

စံမောင်ကချက်ချင်းလှည်းနောက်ပိုင်းကိုရောက်လာကာ
အပိုင်းအားလှည်းပေါ်ကဆွဲချတော့သည်

"လွှတ်! လွှတ်စမ်း "

"အာ့!"

မြေပြင်ပေါ်ဆွဲချခံလိုက်ရတော့အရှိန်မထိန်းနိုင်ဘဲ
အပိုင့်ခြေကျင်းဝတ်လည်သွားတော့သည်

"နာ...နာတယ်"

အပိုင့်ထံမှထွက်လာသည့်နာကျင်သံလေးကြောင့်
မိမိဆီကထွက်ပြေးဖို့ကြံလို့ထွက်နေသည့်ဒေါ်သတွေဟာ
ကြက်ပျောက်ငှက်ပျောက်ကာ
စိုးရိမ်ပူပန်မှုလေးကအစားထိုးဝင်ရောက်လာသည်

"ဘာ...ဘာဖြစ်တာလဲ"

"ခြေထောက်ကနာတာ"

စံမောင်ငုံ့ကြည့်လိုက်တော့ ဖြူဖြူဖွေးဖွေးခြေကျင်းဝတ်ကလေးက
အနည်းငယ်နီရဲနေတာကိုတွေ့လိုက်ရသည်
အမြဲတစေကြမ်းကြမ်းတမ်းတမ်းလုပ်တတ်သည့်ကိုယ့်ကိုယ်ကိုရိုက်သာသတ်ပစ်ချင်တော့သည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now