"ဟေ့ကောင်! ရွှေထုပ်အခုပေး
မဟုတ်လို့ကတော့ မင်းတို့ကိုသတ်ပြီးယူရလိမ့်မယ်"စံမောင်လှည်းပေါ်ကခုန်ဆင်းလိုက်ကာ
"မင်းတို့ကဘာမို့လို့ ကျုပ်ကဂရုစိုက်နေရမှာလဲ !" ဟုဒေါသတကြီးစကားဆိုလိုက်သည်စံမောင့်စကားကြောင့်ဓါးပြတွေက ရှုးရှုးရှဲရှဲဖြစ်ကုန်ကြကာ
လှည်းကိုဝိုင်းလိုက်ကြသည်"သား! အမေတို့ပေးလိုက်ကြရအောင်လေ"
ဒေါ်မယ်တင့်မှာအတော်လေးလန့်သွားရကာတစ်ကိုယ်လုံးတုန်နေတော့သည်
" အမေဒါကျုပ်တို့အလျူလုပ်ဖို့ရည်ရွယ်ထားတာ
သူတို့ကိုမပေးနိုင်ပါဘူး....
ဟေ့ကောင်တွေသတ္တိရှိရင်ငါ့လာချ""တော်တော်ဂျိုကြွနေတယ်ပေါ့လေ
သေပေတော့!"ဓါးပြတွေဟာသည်းမခံနိုင်တော့ဘဲ စံမောင့်ကိုတုတ်ဓါးတွေနှင့်ဝင်ရိုက်တော့သည်
အတိတ်မေ့နေရင်တောင်အရင်ကဇကကျန်သေးတာမို့ စံမောင်ဒီလူလေးဦးကိုခုခံနိုင်သည်တစ်ဖက်ကတုတ်ဓါးတွေနှင့်မို့ ဒေါ်မယ်တင့်မှာသားအတွက်စိတ်ပူပြီး
ဘုရားတနေရတော့သည်
အပိုင်ဟာလည်းမနေသာတော့ပဲ လှည်းပေါ်ကဆင်းကာနီးရာခဲကိုကောက်ကိုက်လိုက်ပြီး
ဓါးပြတစ်ယောက်ကိုဝင်ထုလိုက်တော့သည်"အပိုင်သတိထား! ခွပ် အာ့!"
အပိုင်ဆီစိတ်ရောက်သွားသည့်စံမောင်သည် ဓါးပြတစ်ယောက်ရဲ့တုတ်နဲ့ဦးခေါင်းကိုရိုက်မိသွားတာကြောင့်
မူးနောက်သွားရသည်
အပိုင်ချစ်ရသူအထိနာသည့်ကာ ဒေါသတွေထိန်းမရတော့ပဲ
ဓါးပြပြုတ်ကျသွားတဲ့တုတ်ကိုကောက်ကာ ရမ်းသမ်းလိုက်ရိုက်တော့သည်"ဟို! နားမှာပြသနာဖြစ်နေတယ် လာလာသွားကူကြရအောင်"
မြို့ကပြန်လာပုံရသည့်လှည်းနှစ်စီးဟာအပိုင်တို့ပြသနာဖြစ်နေတာကိုမြင်ပြီး
ဝင်ကူညီပေးကြတော့သည်
ထိုအခါ ဓါးပြသုံးဦးဟာအလန့်တကြားထပြေးတော့သည်
အပိုင်ခဲနဲ့ထုထားလို့သတိလစ်သွားတဲ့ ဓါးပြတစ်ဦးသာထွက်မပြေးနိုင်ဘဲကျန်ရစ်ခဲ့သည်
YOU ARE READING
သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》
Romanceဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ် ပုံဖော်မှုသာဖြစ်သည် chaများ ၏nameဖြစ်စေဇာတ်လမ်းပါအကြောင်းအရာတစ်စုံတစ်ခုဖြစ်စေတိုက်ဆိုင်မှုရှိပါကလာရောက်ပြောကြားနိုင်ပါသည် စာရေးသူဘက်ကချက်ချင်းပြင်ပေးပါ့မယ်