စံမောင်လှည်းကိုနွားတင်းကုပ်နားထိမောင်းသွားပြီးလှည်းဖြုတ်
နွားတွေကိုအစာကျွေးရေတိုက်လုပ်လိုက်သည်
ပြီးမှမြို့ကပါလာသည့်ပစ္စည်းပစ္စယတွေသယ်ကာအိမ်ထဲသို့ဝင်လာသည်"အဘမှာတဲ့ဆေးတွေကရှာလိုက်ရတာလွန်ပါရောလား..."
ပြောပြောဆိုဆိုနဲ့ ရေနွေးကြမ်းတစ်ခွက်ငှဲ့ကာတဖူးဖူးမှုတ်သောက်လိုက်သည်
"သား...."
"ပြောလေ အမေ.."
"သားပိုင်လေ....."
မျက်နှာမသာမယာနဲ့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့မိခင်ကြောင့်စံမောင်ကပဲဦးအောင်မေးလိုက်သည်"အပိုင်ဘာဖြစ်လို့တုန်း..."
"ဒါလေး..."
ဒေါ်မယ်တင့်စာရွက်လေးကိုသာလှမ်းပေးလိုက်တော့သည်
သားပိုင်ဒုက္ခရောက်နေတာသူပြောမထွက်ဘူးစံမောင်စာကိုဖွင့်ဖတ်ပြီးနောက်ဒေါသတကြီးတောက်ခေါက်လိုက်သည်
" တောက်! ရာရာစစ "
"စိတ်လျှော့ပါသားရယ် နင့်အဘမြို့ဂတ်ကိုတိုင်ထားပြီးပါပြီ "
"ကျစ်! သူတို့ကဘယ်အချိန်ရောက်လာမလဲမှမသိတာ
ဒီကြားထဲ ပိုင့်ကိုတစ်ခုခုလုပ်လိုက်ရင်ဘယ်လို့လုပ်မလဲ
ကျုပ်သွားမှကိုဖြစ်မှာပါ""ဟဲ့! သား"
ပုဆိုးတိုတိုဝတ်ကာခြေလှမ်းကျဲကြီးတွေနဲ့လျှောက်သွားတဲ့သားဖြစ်သူကြောင်
ဒေါ်မယ်တင့်ခင်ဗျာရင်မောရသည်
မကြာခင်မှောင်တော့မယ် ဒီကောင်လေးကတော့လေ_______________
အပိုင်နိုးလာတော့ပတ်ဝန်းကျင်ကမှောင်ရီပျိုးနေပြီ
နာကျင်နေသည့်ဂုတ်ပိုးကိုအသာဖိရင်းဘာတွေဖြစ်ပျက်သွားတာလဲပြန်စဥ်စားလိုက်သည်
သူစံမောင့်ကိုစိတ်ပူလွန်းစွာရွာပြင်ထွက်လာချိန်နောက်ပိုးကိုအရိုက်ခံလိုက်ရတာထိဘဲသူမှတ်မိတယ်"နိုးလာပြီပေါ့..."
လောလောလတ်လတ်ဆောက်ထားပုံရသည့်တဲပေါ်ဟန်သာတက်လာတာမြင်သည့်အခါ
အပိုင်မျက်ခုံးတို့တွန့်ချိုးသွားသည်
YOU ARE READING
သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》
Romanceဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ် ပုံဖော်မှုသာဖြစ်သည် chaများ ၏nameဖြစ်စေဇာတ်လမ်းပါအကြောင်းအရာတစ်စုံတစ်ခုဖြစ်စေတိုက်ဆိုင်မှုရှိပါကလာရောက်ပြောကြားနိုင်ပါသည် စာရေးသူဘက်ကချက်ချင်းပြင်ပေးပါ့မယ်