《25》

1.9K 71 1
                                    

"မောင်အသက်ကိုမင်းအသက်နဲ့လဲရမယ်ဆိုတန်ပါတယ်"

စံမောင့်တုန့်ဆိုင်းခြင်းမရှိချောက်ထဲခုန်ချလိုက်သည်

"စံမောင်!! "

"အမောင်!"

အပိုင်ငယ်သံပါအောင်အော်လိုက်ပြီး ဟန်သာ့လက်ထဲကရုန်းထွက်ဖို့ကြိုးစားသည်
ဘယ်လိုမှရုန်းထွက်မရတဲ့အဆုံး ဟန်သာ့လက်အားကိုက်ကာ ရင်ဘက်ကို တတောင်နဲ့တွတ်လိုက်သည်
ပြီးတာနဲ့ချောက်ကမ်းပါးနားအသည်းအသန်ပြေးတော့သည်

"အားလုံးလက်မြှောက်လိုက်!"

ဦးစံခိုခေါ်လာတဲ့တာဝန်ရှိသူတွေကဟန်သာတို့အုပ်စုကိုဖမ်းဆီးလိုက်ကြသည်
ဦးစံခိုနဲ့. ဒေါ်မယ်တင့်ကတော့ ချောက်ကမ်းပါးမှာဒူးထောက်ငိုနေတဲ့အပိုင့်အနားအပြေးရောက်လာပြီး

"သားပိုင် အရီးသားရော..."

အပိုင်ဝမ်းနည်းတကြီးငိုကြွေးရင်း ချောက်ထဲကိုလက်ညှိုးထိုးပြလိုက်သည်
"အမောင်! ...သူလေ အဲ့ဒီထဲခုန်ချသွားတယ်"

____________________

၃ရက်တောင်ကြာခဲ့ပြီ
စံမောင်မှာသတိမရသေးပေ
ချောက်အတွင်းမှာရှိနေတဲ့ ဆူးပင်ခြုံနွယ်တွေကြောင့်ပြင်းပြင်းထန်ထန်မထိခိုက်ပေမဲ့
အခုထိသတိမရသေးတော့အပိုင်မှာရင်မောလှသည်

"သားပိုင်အနားယူလိုက်ပါဦးလားအရီးတစ်လှည့်စောင့်ကြည့်ပေးမယ်လေ...."

"ရပါတယ် အမောင်နိုးလာတာကိုကိုယ်တိုင်တွေ့ချင်လို့ကျွန်တော်ဘဲစောင့်ပါ့မယ်"

အရီးမယ်ခကသက်ပြင်းချပြီး ခင်ပွန်းဖြစ်သူကိုလှည့်ကြည့်လိုက်သည်
သားသတိမရတဲ့သုံးရက်လုံးလုံးသားပိုင်ကမနားမနေ ပြုစုစောင့်ရှောက်နေတာကြောင့်
ကြာရင်တစ်ခုခုဖြစ်သွားမှာသူတို့ပူနေရတယ်

"အရီး! "

စံမောင့်လက်ချောင်းတွေကလှုပ်လာပြီး
မျက်လုံးကလည်းဖြည်းညှင်းစွာပွင့်လာတာကြောင့်အပိုင်ဝမ်းသာအားရအော်လိုက်သည်

"သားပိုင်ဘာဖြစ်...."

ဒေါ်မယ်တင့်စကားတောင်မဆုံးသေး သားတော်မော်မျက်လုံးတို့ပွင့်နေတာသတိထားမိသွားသည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now