"ပိုင်ရေမောင်အဘယာထဲခေါ်လို့သွားလိုက်ဦးမယ်ဟေ့ "
"သွားလေအမောင် နေ့လည်စာငါလာပို့မယ်"
ထမင်းချက်ပြုတ်နေတဲ့အပိုင်ကိုအသိပေးပြီးမှ
ဝါးဖတ်ခမောက်လေးဆောင်းကာ
သီချင်းညည်းရင်းအဘရဲ့ယာဘက်သို့စံမောင်ထွက်လာခဲ့လိုက်သည်"နေဦး...."
အနောက်ဘက်ကခေါ်သံကြောင့်စံမောင့်ခြေလှမ်းတွေတန့်သွားပြီး
လှည့်ကြည့်လိုက်သည်
သူကိုခေါ်တဲ့လူကအပိုင်ရည်းစားဟောင်းဖြစ်နေတာတွေ့ရတော့
ရွှင်မြူးနေသည့်စိတ်ကလေးဟာကြက်ပျောက်ငှက်ပျောက်သွားရသည်ဒီလူကဆရာတော့်မွေးနေ့ကြောင့်ရောက်လာတာဖြစ်သည့်အတွက် သိပ်မကြာခင်ပြန်သွားမှာပါ
အဲ့အချိန်အတွင်းတော့ သူနဲ့မတွေ့အောင်ရှောင်ပေးပါလို့ပြောခဲ့တဲ့အပိုင်စကားကိုသတိရသွားတာပြီး
ခြေလှမ်းတွေကိုဆက်လျှောက်လိုက်သည်"ဟေ့လူရပ်ဦးလို့! "
ဟန်သာအပြေးကျော်တက်ပြီးရှေ့ကပိတ်ရပ်လိုက်သည်
ဒီကောင်မျက်နှာမြင်တိုင်း အပိုင်ရဲ့ချစ်ဦးသူပါလားလိုတွေးမိပြီးစောက်ခွက်စုတ်ပြတ်အောင်ထိုးချင်နေပါတယ်ဆို
လူကိုလာလာဆွတယ် ဟူသောအတွေးနှင့်အတူစံမောင်မျက်နှာကခက်ထန်နေသည်"လမ်းဖယ်!"
"ငါမင်းနဲ့စကားပြောချင်တာရှိတယ်"
"ကျုပ်မှာမရှိဘူး "
"အပိုင်နဲ့ငါ့ရဲ့ဆက်ဆံရေးကိုမင်းသိတယ်မလား"
ဟန်သာခနဲ့ပြုံး ပြုံးရင်းမေးလိုက်တာဖြစ်သည်
ဒီကောင့်ကအပိုင့်ကိုအတင်းသိမ်းပိုက်ထားတာမှန်းသူသိပြီးပြီ
အခုသူ့အပိုင်ကိုသူပြန်သိမ်းချိန်ရောက်ပြီ".............."
"ကြည့်ရတာမင်းမသိဘူးထင်တယ်"
"ကျုပ်သိတယ် ခင်ဗျားကသူ့ရည်းစားဟောင်းဆိုတာ"
"အို ! ဟုတ်တာပေါ့ ငါကသူ့ရည်းစားဟောင်းလေ
သူအချစ်ခဲ့ရဆုံးသူပေါ့ မင်းကတော့သူ့ကိုမတရားသိမ်းပိုက်ထားတဲ့သူအပြင်မပိုဘူး"
YOU ARE READING
သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》
Romanceဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ် ပုံဖော်မှုသာဖြစ်သည် chaများ ၏nameဖြစ်စေဇာတ်လမ်းပါအကြောင်းအရာတစ်စုံတစ်ခုဖြစ်စေတိုက်ဆိုင်မှုရှိပါကလာရောက်ပြောကြားနိုင်ပါသည် စာရေးသူဘက်ကချက်ချင်းပြင်ပေးပါ့မယ်