"ရေစည်တိုက်ဖို့အတွက်ကလူ၃ဦးလေးဦးလိုတယ်.."
"ကျုပ်တို့၃ယောက်လုပ်မယ် "
တာဝန်အသီးသီးခွဲပြီးနောက်မြို့မှာလိုအပ်သည့်ပစ္စည်းသွားဝယ်ဖို့သာကျန်တော့သည်
"မြို့သွားဖို့ကတော့ကျုပ်တာဝန်ယူတယ်..."
"ဖြစ်ပါ့မလားအမောင်ရယ်"
"အပိုင်ရာ ကျုပ်ကအတိတ်မေ့သွားရုံပါ
မထူနိုင်မထနိုင်ဖြစ်နေတာမဟုတ်ဘူး...""ဟုတ်ပါပြီ ...
မင်းမြို့မှာပစ္စည်းပစ္စယသွားဝယ်မယ်ဆိုရင်တော့ ငါပါလိုက်ခဲ့မယ်""အပိုင့်သဘော..."
အပိုင်တစ်ချက်ပြုံးလိုက်ပြီး
အရီးမယ်ခတို့ကိုကြည့်ကာ"အရီးတို့ မြို့ကနေကျုပ်တို့ဝယ်ရမဲ့ပစ္စည်းတွေစာရင်းလုပ်ထားပြီးသားလား..."
"ပြီးပြီသားပိုင်....
ဒီမှာ ..သိပ်တော့မများဘူး ""ဟုတ်ကဲ့
ဒါဆိုကျွန်တော်တို့အခုဘဲသွားလိုက်ပါ့မယ်..."မြို့ကိုအသွားအပြန် ၄နာရီခွဲလောက်ကြာမှာမို့ မိုးမချုပ်စေရန်
ခပ်မြန်မြန်လှည်းကောက်ပြီးထွက်ခဲ့ကြတော့သည်
မြို့ကိုရောက်တာနဲ့အချိန်မဆိုင်းပဲအရီးတို့မှာသမျှပစ္စည်းတွေကို
အစုံလိုက်ဝယ်ရသည်ပစ္စည်းအစုံဝယ်ပြီးချိန်မှာတော့ညနေ၃နာရီပင်ထိုးလုပြီ
"ဟဲ့! နွား"
"အမောင်ဘာဖြစ်တာတုန်း"
လှည်းအားရပ်လိုက်တာမို့ အပိုင်ကစိုးရိမ်တကြီးမေးလိုက်ခြင်းဖြစ်သည်"ကျုပ်ကလေးငိုသံကြားတယ် အပိုင်
နားစွင့်ကြည့်ပါဦး..."အမောင်ပြောမှအပိုင်သတိထားမိသည်
အနီးအနားမှာ အူဝဲ အူဝဲ နဲ့ကလေးငိုသံကိုကြားနေရသည်"ဟုတ်သားဘဲ
ကဲအမောင်ကျုပ်တို့ကလေးကိုလိုက်ရှာကြည့်ရအောင်"လှည်းပေါ်ကဆင်းပြီးလှည်းလမ်းဟိုဘက်ဒီဘက်မှာလိုက်ရှာလေတော့
လူကြီးသုံးဖက်စာလောက်ရှိတဲ့အဓိကရညောင်ပင်ကြီးအောက်မှာအနှီးဝါကျင်ကျင်လေးနဲ့
ထုပ်ထားတဲ့ကလေးလေးကိုတွေ့လိုက်ရသည်
YOU ARE READING
သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》
Romanceဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ် ပုံဖော်မှုသာဖြစ်သည် chaများ ၏nameဖြစ်စေဇာတ်လမ်းပါအကြောင်းအရာတစ်စုံတစ်ခုဖြစ်စေတိုက်ဆိုင်မှုရှိပါကလာရောက်ပြောကြားနိုင်ပါသည် စာရေးသူဘက်ကချက်ချင်းပြင်ပေးပါ့မယ်