《15》

2K 63 0
                                    

အိမ်ရှေ့ကွတ်ပျစ်မှာအပိုင်တို့နှစ်ဦးသားဘေးချင်းယှဥ်လျက်ထိုင်နေကြသည်
တစ်ဦးနဲ့တစ်ဦးစကားပြောဆိုခြင်းတော့မရှိကြဘူး

မနက်ကကိစ္စကြောင့်မိမိမှာအချော့ခံချင်၍ခပ်တည်တည်နေသော်လည်း
အပိုင်ကမချော့သည့်အပြင်သူ့အားမရှိသလိုနေနေတော့စံမောင်အနေခက်လှ၏

ဒါကြောင့်မယောင်မလည်ကိုနာရီကိုလှမ်းကြည့်လိုက်တော့ ခုနှစ်နာရီထိုးပြီ
ဒီအချိန်ဟာညစာစားချိန်မဟုတ်လား....

"ပိုင်..."

"အင်း..."

"မောင်ဗိုက်ဆာနေပြီ"

"သွားစားလေ အုပ်စောင်းအောက်မှာအဆင်သင့်ဘဲ"

"ပိုင်ကရော"

"ငါစားချင်စိတ်မရှိဘူး"

"မောင့်ကြောင့်လား"

"မဟုတ်ပါဘူး"

သူ့မျက်နှာကိုမကြည့်ဘဲအဝေးတစ်နေရာကိုငေးမောနေတဲ့အပိုင့်မျက်နှာကို
စံမောင်ကငေးကြည့်နေမိတယ်
အပိုင်ပါးစပ်ကသူ့ကြောင့်မဟုတ်ပါဘူးလို့ပြောနေပေမဲ့ အခုလိုဖြစ်နေတာသူနဲ့လုံးလုံးသက်ဆိုင်နေမှန်းသူသိနေတယ်

"မောင်တောင်းပန်ပါတယ် နေ့လည်ကမောင့်ကြောင့်ပိုင်မျက်နှာပျက်ခဲ့ရတယ်မလား"

အပိုင်မျက်လုံးတွေကစံမောင့်မျက်နှာဆီရွေ့လျားလာပြီး
"မင်းသိလား ငါဘာကြောင့်မင်းကိုလက်ထက်ဖို့ငြင်းဆန်ခဲ့လဲဆိုတာ" ဟုမေးမြန်းလိုက်သည်

"မောင်မသိဘူး"

"မင်းကငါ့အဖေနဲ့ အကျင့်စရိုက်တွေကတစ်ထပ်ထဲတူနေလို့ဘဲ
ငါ့အဖိုးနဲ့အဖွားက အချိန်ပြည့်မူးရူးရမ်းကားနေတဲ့အဖေ့ကိုအမေနဲ့သဘောမတူခဲ့ဘူး
ဒါပေမဲ့အမေက သူ့ကြောင့်အဖေပြုပြင်သွားပါပြီဆိုပြီးမရမကလိုက်ပြေးသွားခဲ့တယ်
တကယ်လည်းအဖေပြုပြင်ခဲ့ပါတယ် ဒါပေမဲ့အချိန်အတိုင်းအတာတစ်ခုထိဘဲ
နောက်ကျတော့အရင်တိုင်းမူးရူးရမ်းကားတဲ့လူပြန်ဖြစ်သွားတယ်
အမေကအဖေ့ရဲ့အပြုအမူတွေကြောင့်လူအများကြားမှာ နှိမ်စရာတစ်ခုလိုဖြစ်လာတယ် ဒါတင်မကသေးဘူးအဖေမူးရူးလာတိုင်းပြသနာအရှာခံရတယ် ရိုက်နှက်ခံရတယ် အဲ့တုန်းကငါ့အသက်၅နှစ်ခြောက်နှစ်ဘဲရှိသေးတာ
အမေ့ကိုကာကွယ်မပေးနိုင်ခဲ့ဘူး အမေကသည်းမခံနိုင်တဲ့အဆုံးအဖေနဲ့ကွာရှင်းလိုက်ပြီး
သူမတစ်ယောက်ထဲငါ့ကိုပြုစုပျိုးထောင်ခဲ့တယ်  ငါ့အသက်ဆယ်နှစ်မှာအမေဆုံးသွားတယ်
အဲ့အချိန်အဆက်အသွယ်ပျက်နေတဲ့အဖိုးနဲ့အဖွားကပြန်ပေါ်လာပြီး ငါ့ကိုဒီအရွယ်ရောက်တဲ့အထိခေါ်ယူစောင့်ရှောက်ခဲ့တာ
ငါလေမင်းကိုလက်ထပ်ရင်အမေ့လိုအဆုံးသတ်မှာအရမ်းကြောက်ခဲ့တယ်"

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now