ညကရိုက်လွှတ်ခံရလည်းစံမောင်တို့ကအရှက်မရှိပေ
မိုးလင်းတာနဲ့ အမေချက်ထားတဲ့ဟင်းတွေကိုချိုင်းထဲထည့်လိုက်သည်ဟင်းတွေကလည်းအကောင်းသားဗျ
ဝက်သားဆီပြန်ကိုမှအီမှာဆိုးလို့
မန်ကျည်းရွက်ချဥ်ရည်သောက်ကလေးနဲ့တွဲပြီးချက်ပြုတ်ထားတာဗျို့ထည့်ပြုပြီးသွားသည့်အခါချိုင်းလေးဆွဲရင်း အပိုင်တို့အိမ်သို့ဦးတည်လိုက်သည်
ချိုင့်ဆွဲထွက်လာတဲ့သူ့ကိုမြင်တော့အမေက
"ဟဲ့ချိုင့်ကြီးဆွဲပြီးဘယ်သွားမလို့တုန်း "လှမ်းမေးပါသေးတယ်
သူက "အမေ့သားမက်လေးဆီ "လို့ပြောပြီးထွက်လာခဲ့ရတာအပိုင်နဲ့သိန်းထင်ကလှည်းပေါ်ပစ္စည်းတွေသေချာတင်နေကြသည်
တောင်အုပ်စုရွာမှာဘုရားပွဲရှိတယ်ဆိုတော့အရီးမယ်ခကမြန်မာမုန့်တွေလုပ်ပြီး
သွားရောင်းမယ်ဆိုလို့ပြင်ဆင်နေကြတာလေ"ပိုင်.. "
"ဗုဒ္ဓေါ...."
ခါးအားအတို့ခံလိုက်ရတာကြောင့်အလန့်တကြားဖြင့်
လက်ထဲကမြေအိုးလေးကိုလွှတ်ချလိုက်မိသည်ဘယ်သူခါးကိုတို့တာလဲဟုစိတ်ဆိုးမာန်ဆိုးဖြင့်လှည့်ကြည့်လိုက်တော့
သူ့အားနွားပွဲစားနွားရောင်းထွက်သလိုရယ်ပြနေသည့်စံမောင့်ကိုတွေ့ရသည်"လူကိုလာတွေ့ရင်အဝေးကြီးကတည်းကအသံပြုဖို့မပြောထားဘူးလားငနက်ကျော်ရဲ့" ဟု
ဆိုကာစံမောင့်လက်မောင်းကိုအပိုင်ဒေါသတကြီး သုံးချက်ဆင့်ရိုက်ပစ်လိုက်သည်"အာ့! နာလိုက်တာကွာ မောင့်လက်မောင်းမှာအချစ်အတွက်ဒဏ်ရာရှိတယ်လေကွာ..."
စံမောင်ချိုင့်ဆွဲထားသည့်ညာဘက်လက်မောင်းကို အားနေသည့်ဘယ်လက်ဖြင့်ဖိကာ
အပိုင်ဂရုဏာသက်ဖို့ နာကျင်သည့်ဟန်နှင့်ပိုပိုသာသာညည်းပြလိုက်သည်"စံမောင် မင်းဓါးဒဏ်ရာကဘယ်လက်မှာ အခုဖိထားတာကညာလက်ကို
ဆိုစမ်းပါဦးမင်းဒဏ်ရာကဘယ်ကနေညာကူးနိုင်တာလား....""အဟမ်း..."
စံမောင်အချက်ပြေချောင်းဟန့်လိုက်သည်
စံမောင်ရေ စောက်ရှက်တွေကွဲပြီဟ!
YOU ARE READING
သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》
Romanceဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ် ပုံဖော်မှုသာဖြစ်သည် chaများ ၏nameဖြစ်စေဇာတ်လမ်းပါအကြောင်းအရာတစ်စုံတစ်ခုဖြစ်စေတိုက်ဆိုင်မှုရှိပါကလာရောက်ပြောကြားနိုင်ပါသည် စာရေးသူဘက်ကချက်ချင်းပြင်ပေးပါ့မယ်