《22》(ဒေါ်မယ်ခနဲ့ဒေါ်မယ်တင့်နေရာချင်းမှားသွားလို့ပြန်ပြင်တာ)

1.9K 64 2
                                    

"အရီး "

တကြော်ကြော်အော်ကာဝိုင်းထဲဝင်လာတဲ့စံမောင့်ကြောင့်အပိုင်ကပျာကယာအခန်းထဲဝင်ပြေးပြီး
အပြင်ဘက်သို့နားစွင့်လိုက်သည်

စံမောင်ပါလာသည့်ချိုင့်ကိုစားပွဲပေါ်တင်လိုက်ပြီး
မျက်လုံးကစားကြည့်လိုက်သည်

"သားပိုင်ကိုရှာတာဆိုရင်တော့အခန်းထဲမှာ..."

အရီးမယ်ခစကားကြောင့်သူခပ်ဟဟရယ်လိုက်ပြီး
"ပိုင်ကိုလာရှာတာမဟုတ်ပါဘူး ဟင်းကောင်းချက်လို့လာပို့တာပါ"

"အမလေးစံမောင်ရယ်...
နင့်အကြောင်းမသိရင်ခက်မယ် သားပိုင်အတွက်ကလွဲလို့ငါတို့ဝိုင်းကိုဘယ်တုန်းကကောင်းသောလာခြင်းနဲ့လာလို့တုန်း"

"ဟာအရီးကတော့ဗျာ..."

ဒေါ်မယ်ခမှာလည်းပြောင်းလဲလာတဲ့စံမောင်ကိုအရင်လိုမဟုတ်ဘဲ
ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံပါတယ်

"မင််းမနေ့တုန်းကဝိုင်းဝမှာရှိတယ်မလား..."

"........"

"ဆရာ့တော်တူလာတုန်းကလေ..."

"အော် ကျုပ်ရှိပါတယ်"

"အေးဒါဆိုသားပိုင်ရဲ့သဘောထားကိုမင်းသိပြီးလောက်ရောပေါ့
ဆိုးတယ်မိုက်တယ်ဆိုတာနာမည်လည်းမကောင်းသလိုလူးမုန်းလည်းများတယ်
မင်းဆင်ခြင်သင့်ပြီ မင်းသားပိုင်ကိုချစ်တယ်ဆိုတာပါးစပ်ပြောတစ်ခုနဲ့မရဘူး လက်တွေ့ပြမှရမှာ"

"ဟုတ်ကဲ့အရီး..."

"အင်း မင်းပြုပြင်ရင်အရာရာအကောင်းဆုံးဖြစ်လာမှာပါ
အရင်ကငါတို့မိသားစုမင်းအပေါ်မြင်တဲ့အမြင်ကအဆိုးဆုံးမှာလေ
အခုကြည့်မင်းနည်းနည်းပြုပြင်လိုက်တော့ အရင်ကလောက်မဆိုးတော့ဘူးမလား...."

အရီးမယ်ခကအပိုင်ကိုသားတစ်ယောက်လိုချစ်ခင်လ်ို့သူ့ကိုဒီလိုဆုံးမနေတာမှန်းသူသိသည်
အရင်စိတ်နဲ့သာဆိုဝုန်း! ဒိုင်းနဲ့ထသောင်းကျန်းလိုက်မှာပေမဲ့အခုကမတူတော့ဘူး
သူစိတ်ကိုအတော်လေးကိုထိန်းချုပ်နိုင်နေပြီ

အရီးနဲ့စကားပြောရင်းသူ့အကြည့်ကအိမ်ထဲရောက်ရောက်သွားသည်
အပိုင်များထွက်တွေ့လေမလားပေါ့
ဒါပေမဲ့အရိပ်ကလေးကမတွေ့ရသည့်အခါ သက်ပြင်းခပ်ဖွဖွချပြီး
အရီးကိုပြန်မဲ့အကြောင်းပြောလိုက်သည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now