ဒဏ်ရာကို ပိုင်ဆေးထည့်ပေးမှလက်ခံမယ်ဟု
ဂျစ်တိုက်သည့်စံမောင့်ကြောင့်သူကြီးအိမ်ထိ အပိုင်လိုက်သွားပြီးဆေးထည့်ပေးလိုက်ရသည်သူကြီးကတော်ကတော့မိန်းမတို့၏ဝဇီအတိုင်းဗျစ်တောက်ဗျစ်တောက်ပြောတော့တာပေါ့
"နင့်ကိုငါမပြောဘူးလား လူမုန်းများအောင်မနေပါနဲ့ဆိုတာ
အခုကြည့်စမ်းလက်မောင်းကိုဓါးထိလာပြီ နောင်ဆိုလည်ပင်းကိုထိလိမ့်မယ်...""အမေကလည်းဗျာ.."
"အမေကလည်းမဗျာနေနဲ့ နင်တင်မဟုတ်ဘူးရွှေမြို့သားပါထိုခိုက်မိတော့မလို့!
ငါလေ! ထုလိုက်ရ"သူကြီးကတော်ကပြောရင်းဒေါသထွက်လာဟန်နှင့် အကြမ်းရေခွက်ကိုကောက်ကိုင်ကာ
ထုရန်ပြင်သည်"ပိုင်ကိုမထိခိုက်လို့ပေါ့ ထိသာထိကြည့်အဲ့ကောင်တင်အောင်နေရာမှာတင်ပွဲချင်းပြီးတယ်.."
"ကြည့်စမ်း! ကြည့်စမ်း ဒီလောက်ဆုံးမနေတာတောင် အချိုးကမပြေဘူး"
မိမိအားအလယ်မှာထားကာအချေအတင်ဖြစ်နေကြသည့်သားအမိနှစ်ယောက်ကြောင့်
အပိုင်မှာသက်ပြင်းချလိုက်မိသည်
နားတွေပူလွန်းလို့ဒီနေရာမှာဆက်လည်းမနေနိုင်တော့ပေ...
ဒါကြောင့်ဆေးလူးတာကိုအမြန်လက်စသတ်လိုက်သည်"ကဲ ဆေးလူးပြီးပြီ ငါပြန်တော့မယ်..."
"မောင်လိုက်ပို့ပေးမယ်လေ ..."
"ဒီမှာအေးဆေးနေရစ်စမ်းပါ
သိန်းထင်းတို့ဝိုင်းဘာဝေးတာမှတ်လို့ ကိုယ့်ဘာသာသွားနိုင်တယ်....""ဒါပေမဲ့..."
စံမောင်အထွန့်တက်ချင်သေးသော်လည်းအကြည့်စူးစူးကြောင့်ပါးစပ်ပိတ်လိုက်ရသည်
သူကြီးကတော်ဒေါ်မယ်တင့်မှာ အကြည့်တစ်ချက်နဲ့တင်ငြိမ်ကုပ်သွားသည့်သားဖြစ်သူကိုကြည့်ပြီး
ဟက်ဟက်ပက်ပက်ရယ်လိုက်တော့သည်"အမေ့ ကျုပ်ကိုလှောင်တာလား"
"ဟားဟား အကြည့်တစ်ချက်နဲ့တင်ငြိမ်ကုပ်သွားတယ်တဲ့ ဟားဟား"
"ကျုပ်သူ့ကိုချစ်လို့လေ အဲ့တော့အမေသူ့ကိုလိုက်တောင်ပေး ..."
YOU ARE READING
သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》
Romanceဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ် ပုံဖော်မှုသာဖြစ်သည် chaများ ၏nameဖြစ်စေဇာတ်လမ်းပါအကြောင်းအရာတစ်စုံတစ်ခုဖြစ်စေတိုက်ဆိုင်မှုရှိပါကလာရောက်ပြောကြားနိုင်ပါသည် စာရေးသူဘက်ကချက်ချင်းပြင်ပေးပါ့မယ်