"အပိုင်ရေ! အပိုင်ရေ"
"ဟဲ့စံမောင် အိမ်ပေါ်တောင်ခြေမချရသေးဘူး
ဘာလို့သားပိုင်ကိုတကြော်ကြော်ခေါ်နေတာတုန်း! "ယာထဲကပြန်လာတာနဲ့ လင်ဖြစ်သူကိုတကြော်ကြော်အော်ခေါ်နေတဲ့သားကို
ဒေါ်မယ်တင့်နည်းနည်းမှကြည့်မရတော့ပေ
လက်ထဲမှာကလေးမချီထားပါကနီးရာနဲ့ကောက်ပေါက်မိမှာဖြစ်သည်"အမေအပိုင်ရောဗျ"
"စံမောင်ရေ နင့်ယောက်ျားဘယ်မှမပြေးဘူး
အရင်ရေလေးဘာလေးသောက်ပြီးအမောဖြေပါဦးလား ""ကျွန်တော်အရေးတကြီးပြောစရာရှိလို့ပါဗျာ "
"ဒါဆိုရင်တော့ခနစောင့်ဦး
သားပိုင် သိန်းထင်တို့မင်္ဂလာအိမ်မှာကူပြီးသိမ်းဆည်းပေးနေတယ် မကြာခင်ပြန်လာတော့မှာ""အော် ဒါဆိုလည်းကျုပ်ရေအရင်ချိုးထားလိုက်မယ်"
"နေပါဦး အရေတကြီးကိစ္စကဘာတုန်း"
"မိသားစုဆုံမှပြောတော့မယ်အမေရေ..."
ထထွက်သွားတဲ့သားကိုဒေါ်မယ်တင့်မျက်စောင်းလှမ်းထိုးလိုက်သည်
အဘယ်ကိစ္စမလို့ သူတို့ကိုအရင်မပြောပြနိုင်ရတာတုန်း ဟမ့်!စံမောင်ရေမိုးချိုးပြီးတော့အပိုင်ကပြန်ရောက်နေပြီ
ညစာစားသောက်ပြီးမိသားစုတွေအကြမ်းရေသောက် စကားစမြည်ပြောကြတဲ့အချိန်မှ
သူရဲ့အရေးတကြီးပြောစရာကိစ္စဆိုတာကိုဖွင့်ပြောဖြစ်တော့သည်"သားညနေကမိသားစုကိုပြောစရာရှိတယ်ဆို..."
"ဟုတ်တယ် ဟုတ်တယ်
အဲ့တာကကျုပ်ယာထဲကနေရွှေတူးမိလို့ဗျ...""ဟေ..."
အပိုင်တို့သုံးဦးမှာသူတို့များနားကြားမှားလေသလားဟုတွေးကာ
ပြန်မေးလိုက်ကြသည်"အခုဘာပြောလိုက်တာ"
"ကျုပ်ယာထဲကရွှေတူးမိလာတယ်လို့ပြောတာ
နေဦး ကျွန်တော်ပြမယ်..."စံမောင်အခန်းထဲ ခပ်သွက်သွက်သွားပြီး
ခပ်သွက်ပြန်ထွက်လာသည်
သူလက်ထဲမှာတော့ပုဆိုးထုပ်ကလေးတစ်ထုပ်ပါလာသည်အပိုင်တို့ထိုအထုပ်ကလေးကိုစိတ်ဝင်တစားကြည့်ရှုနေတုန်းမှာပဲ
စံမောင်ကစားပွဲပေါ်အထုပ်ကလေးတင်ပြီး ဖွင့်ဟပြလေသည်
YOU ARE READING
သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》
Romanceဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ် ပုံဖော်မှုသာဖြစ်သည် chaများ ၏nameဖြစ်စေဇာတ်လမ်းပါအကြောင်းအရာတစ်စုံတစ်ခုဖြစ်စေတိုက်ဆိုင်မှုရှိပါကလာရောက်ပြောကြားနိုင်ပါသည် စာရေးသူဘက်ကချက်ချင်းပြင်ပေးပါ့မယ်