စံမောင်ကဆေးရုံမှာကြာကြာမနေချင်ဘူးဆိုတာကြောင့်
နှစ်ရက်လောက်အကြာမှာသူတို့ဆေးရုံကဆင်းခဲ့ကြသည်
ဆေးရုံဆင်းပြီးသီးသန့်မနေသေးဘဲ
အရေးကိစ္စဆိုအကူအညီရအောင် စံမောင်မိဘတွေထံမှာ ခေတ္တခဏမှီခိုနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်"အမောင်! နေမကောင်းဘူးမဟုတ်လားဘာတွေလုပ်နေတာတုန်း...."
ဘုန်းကြီးကျောင်းဆွမ်းပို့ပြီးအပြန် ရေစည်တိုက်နေတဲ့စံမောင့်ကိုစိုးရိမ်တကြီးမေးလိုက်တော့
သွားအဖြဲသားနဲ့ရယ်ပြလာလေတယ်..."အလကားထိုင်နေရတာပျင်းလို့ စဥ့်အိုးတွေရေဖြည့်နေတာ"
"ဒဏ်ရာမှမသက်သာသေးဘဲနဲ့နားနားနေနေမနေဘူး"
"သားပိုင်ရေ အရီးလည်းနားနားနေနေ နေဖို့ပြောတာဘဲသူကနားမထောင်ဘူးလေ..."
ရေနွေးကြမ်းသောက်နေတဲ့အရီးက ငြူစူသလိုပြောလေတော့ စံမောင်ကပြုံးပြန်သည်
အတိတ်မေ့ပြီးကာမှ စံမောင်တစ်ယောက်နူးညံ့သွားပါလေရောလား"အပိုင်! ဗျို့အပိုင်"
" သိန်းထင်လား ဝင်ခဲ့လေ"
"အေးအေး..."
ဝိုင်းဝကအသားကုန်အော်နေသည့်သိန်းထင်ကခွင့်ပြုချက်ရတော့မှကွတကွတနဲ့ဝိုင်းထဲဝင်လာတယ်
ပြီးတာနဲ့အရီးမယ်တင့်တည်ထားတဲ့ရေနွေးကြမ်းကို အနည်းငယ်ငှဲ့သောက်လိုက်တယ်"သိန်းထင်ဘာကိစ္စရှိလို့တုန်း"
"လူနာသတင်းလာမေးတာဟေ့ !
ငါ့အမေပေါ့ နေပူလို့ညနေမှသွားမေးပါမယ်ဆိုတာလက်မခံဘူး"အပိုင်ခပ်ဟဟရယ်လိုက်သည်
အရီးမယ်ခကစိတ်မြန်လက်မြန်ရှိလှသူမို့ သူခိုင်းတာချက်ချင်းထလုပ်မှကြိုက်တာသူတို့စကားပြောနေစဥ်မှာပဲ စံမောင်က အိမ်ပေါ်တက်လာပြီး
အပိုင့်ဘေးမှာလာထိုင်တယ်"အပိုင်သူကဘယ်သူတုန်း မင်းနဲ့ရင်းနှီးတာလား"
"ဟုတ်တယ်ငါ့သူငယ်ချင်းလေ..."
"ပြောတော့အတိတ်မေ့သွားတယ်ဆိုသဝန်ကျတော့ကြောင်လှချည်လား..."
YOU ARE READING
သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》
Romanceဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ် ပုံဖော်မှုသာဖြစ်သည် chaများ ၏nameဖြစ်စေဇာတ်လမ်းပါအကြောင်းအရာတစ်စုံတစ်ခုဖြစ်စေတိုက်ဆိုင်မှုရှိပါကလာရောက်ပြောကြားနိုင်ပါသည် စာရေးသူဘက်ကချက်ချင်းပြင်ပေးပါ့မယ်