Part-1

1.3K 111 5
                                        

လမ်းမပေါ်တွင် နက်မှောင်ပြောင်လက်နေတဲ့ ကားတစ်စီးက အရှိန်အဟုန်ဖြင့်ပြေးလွှားနေလေသည်...ထိုကားကိုမောင်းနှင်နေသူမှာ မျက်ခုံးတို့ကို တွန့်ချိုးထားကာ ဒေါသထွက်နေပုံရသည်...

လက်တစ်ဖက်ဖြင့် တင်းကျပ်နေတဲ့ necktie ကို ဖြေလျော့ကာ လေပူတို့ကိုမှုတ်ထုတ်လိုက်မိသည်...Company မှာ အရေးကြီး meeting ထိုင်နေတုန်း ဖုန်းဝင်လာတာကြောင့်စိတ်ကသိကအောက်ဖြစ်သွားရပေမယ့် သူ့ကိုဖုန်းခေါ်ရတဲ့အကြောင်းအရာကိုသိလိုက်ရတော့ သွေးတွေတောင်တိုးချင်သွားရသည်...

"Jungkook မင်း သားကကျောင်းမှာရန်ဖြစ်လို့ ငါ့ရုံးခန်းရောက်နေတာ...မင်း ခနလာခဲ့ပါဦးကွာ... ” ဆိုတဲ့ သူငယ်ချင်းဖြစ်သူစကားကြောင့် သူ့မှာအစည်းအဝေးတောင်အပြီးမသတ်နိုင်ဘဲ ထလာခဲ့ရသည်....

...ဝမ်းမနာသားလေးက ဘာတွေမွှေပြန်တယ်မသိ....

SeWoon University ထဲရောက်တော့ အရှိန်လျော့ကာ ဖြည်းဖြည်းမောင်းလာခဲ့လိုက်သည်...ဂိတ်စောင့်က Jungkook ကားကိုမြင်တာနဲ့တန်းဖွင့်ပေးသည်ပင်....

ပါမောက္ခချုပ်ဖြစ်သလို Sewoon University ရဲ့ Share တွေအများဆုံးပိုင်ဆိုင်ထားတဲ့ Jung Hoseok က Jungkook သူငယ်ချင်းဖြစ်သောကြောင့် Hoseok နဲ့မကြာခနအတူတွေ့ရတဲ့ Jungkook ကို မှတ်မိနေတာပဲဖြစ်သည်...

ကားပေါ်ကဆင်းတာနဲ့ Jungkook ခြေလှမ်းတွေက ရင်းနှီးနေတဲ့ Hoseok ရုံးခန်းဆီသို့ဦးတည်လိုက်သည်....

...............

ပါမောက္ခချုပ်ရုံးခန်း ဆိုတဲ့ စာတန်းကြီးထိုးထားတဲ့အခန်းအတွင်းတွင် Hoseok မှာ ဆုံလည်ထိုင်ခုံပေါ်ကနေ သူ့အရှေ့မှာထိုင်နေတဲ့ ပထမနှစ်ကျောင်းသားငါးယောက်ကို အကဲခတ်နေမိသည်....

အရှေ့ကထိုင်နေတဲ့ နုဖတ်ဥအက်နေတဲ့မျက်နှာလေးနဲ့မလိုက်အောင် ဂျစ်စုတ်စုတ်မျက်နှာပေးနဲ့ကောင်စုတ်လေးကို ပိုရိုက်ချင်မိသည်....ကျောင်းစတက်ကတည်းက ထစ်ကနဲဆို ရန်ဖြစ်သည်...ပွဲတိုင်းလည်းသူမပါတာမရှိ...တစ်ခုဖြေသာစရာရှိတာက မှားမှားမှန်မှန် ဒင်းလေးက အရင်ဆော်ပြီးသားပင်....

ဘေးနားက ဖြူဖက်နေတဲ့အသားအရေနဲ့ ဘေးဂိုက်ထိုးဆံပင်ကေကိုအစိမ်းရင့်ရောင်ဆိုးထားကာ နောက်လှန်ဖြီးထားပြီး တစ်လောကလုံးသူ့လုပ်စာစားနေတဲ့ရုပ်နဲ့ထိုင်နေတဲ့ကောင်လေးက သူ့သူငယ်ချင်းဖြစ်ဟန်တူသည်....

💜 OMEGA အလှလေးရဲ့ကျေးကျွန် 💜Where stories live. Discover now