Part-3

813 107 5
                                        

Jungkook  ဝရံတာရှိ ဒရင်းဘက်ပေါ်တွင် စီးကရက်တစ်လိပ်ကိုစိမ်ပြေနပြေသောက်ကာ ညကောင်းကင်ကိုကြည့်နေမိသည်....ရှုတ်ထွေးနေတဲ့အတွေးတို့က ဟိုဟိုဒီဒီဖြန့်ကျက်နေလေသည်...

ကောင်းကင်ကြီးကိုကြည့်နေရင်း ကောင်းကင်မှာကြယ်တွေပျောက်သွားပြီး ဂျစ်တူးအဆိုးလေးမျက်နှာကပေါ်လာသည်...Jungkook ကိုယ့်အတွေးနဲ့ကို လန့်သွားပြီး မျက်တောင်တွေတဖျတ်ဖျတ်ခတ်ကာ ပြန်ပြန်ကြည့်မိသည်အထိ....

...မင်း ဘာဖြစ်နေတာလဲ Jungkook...အဲ့တာ မင်းရဲ့သားနော်...

စည်းကျော်ချင်နေတဲ့စိတ်တွေကို ချိုးနှိမ်နေမိပေမယ့် ဦးနှောက်ထဲက ဆဲလ်တွေကတော့ မွေးစားသား,မွေးစားသားလို့ အသိပေးနေသေးသည်...

ဘယ်လိုပဲမွေးစားသားဆိုစေဦးတော့ Juyoon ဝမ်းထဲကထွက်လာလာချင်း သူ့လက်ထဲရောက်ခဲ့တဲ့ကလေးလေးပဲလေ...ချစ်ဦးသူရဲ့မျက်နှာလေးကိုပြေးမြင်မိတော့ သူ့အတွေးတွေကြောင့် အားနာမိရပြန်သည်...

"Juyoon...မင်းရဲ့သားက မင်းလိုပဲ အရမ်းလှတာသိရဲ့လား...မင်းရဲ့အမွေတွေကို သူအပြည့်အဝဆက်ခံထားတယ်...မျက်ခုံးလှလှလေးတွေ မျက်လုံးဝိုင်းဝိုင်းလေးတွေရယ် မင်းနဲ့အတူဆုံးက ကကြီးပုံနှုတ်ခမ်းပါးလေးတွေပဲ...မင်းလိုပဲ Strawberry နဲ့ Rose ပေါင်းစပ်ထားတဲ့ ချိုအီအီ Pheromone နံ့လေးလည်းရှိတယ်...အဲ့တာကို ငါသိပ်သဘောကျတာပဲ...”

ထိုစကားတွေကိုပြောနေရင်း Jungkook မျက်ဝန်းတွေကအလွန်ဝမ်းနည်းကြေကွဲနေပုံပေါ်သည်...

"ဒါပေမယ့် သူ့လက်ရှည်သွယ်သွယ်လေးတွေကတော့  Namjoon နဲ့သွားတူနေတယ်...အမှန်တရားဆိုပေမယ့် ငါလက်ခံဖို့ငြင်းဆန်နေမိသေးတယ်...”

Jungkook ကနာကျင်စွာပြုံးလိုက်ရင်း စီးကရက်ကို ဖွာရှိုက်ကာ အခိုးငွေ့တွေကို ကောင်းကင်ထက်မှုတ်ထုတ်လိုက်သည်...

သူ့ရဲ့စိတ်အစဉ်ကတော့ သူတို့ရဲ့အထက်တန်းကျောင်းသားဘဝဆီကူးပြောင်းရောက်ရှိသွားသည်...

...........

Kim Namjoon , Jung Hoseok, Im Juyoon နဲ့ Jeon Jungkook တို့ဟာ ငယ်ငယ်လေးကတည်းကရင်း ပေါင်းလာကြတဲ့ သူငယ်ချင်းတွေဖြစ်သည်...

💜 OMEGA အလှလေးရဲ့ကျေးကျွန် 💜Where stories live. Discover now