ည ၉ နာရီထိုးပြီဖြစ်သည်....Jungkook မှာ အောက်ထပ်ကဧည့်ခန်းထဲရှေ့လျှောက်လိုက်နောက်လျှောက်လိုက်နှင့်..ဆိုဖာပေါ်ထိုင်နေတဲ့ Hoseok မှာလည်းမျက်နှာကပြိုတော့မယ့်မိုးလို အုံ့မှိုင်းနေလေသည်....သူ့ကြောင့် ကလေးငယ်ကစိတ်ဆိုးပြီးထွက်သွားတာမလား....
"Hoseok...မင်းပြန်နားတော့...သူရောက်လာရင်ငါ ph ဆက်လိုက်မယ်...”
"ဘယ်လိုလုပ်ပြန်နားနိုင်မှာလဲကွာ...ခုထိကလေးကိုမတွေ့သေးဘူး...အပြင်မှာ သူအန္တရာယ်များတယ်ကွ...”
သူတို့စကားပြောနေတုန်း Yoongi ရောက်လာတာကြောင့် Hoseok ကထရပ်ကာ စိတ်လှုပ်ရှားစွာဖြင့်...
"အခြေအနေဘယ်လိုလဲ...”
"Taehyung နဲ့ကျွန်တော်သွားတတ်တဲ့နေရာတွေအကုန်လိုက်ရှာပြီးပြီ...မတွေ့ဘူး...ဘေးပတ်ဝန်းကျင်ကိုလည်းမေးကြည့်တယ် Taehyung ပုံစံမျိုးသူတို့ဘက်မလာဘူးတဲ့...”
Yoongi စကားကြောင့် Hoseok မှာမိုက်ခနဲဖြစ်သွားရကာ ဆိုဖာပေါ်ပြုတ်ကျသည်...Yoongi ကပြေးထိန်းလိုက်ကာ...
"ခခ...”
Jungkook လည်း Hoseok နဲ့ Yoongi ကိုကြည့်ကာ စိတ်ကပိုပူလာသည်...သူ့တပည့်တွေကိုလည်း သားပုံစံကိုပြောကာ လိုက်ရှာခိုင်းထားသည်...ခက်တာက ဘယ်မှမသွားတတ်တဲ့ကလေးမို့ ဘယ်ကိုရှာရမယ်မှန်းမသိပေ...
"ငါမှားတာ...ငါသူ့ကိုလေသံမမာလိုက်သင့်ဘူး...မဟုတ်ရင် ကလေးကဒီလိုထွက်သွားမှာမဟုတ်ဘူး...”
"သူကောင်းဖို့အတွက်ပြောတာပဲလေ...သူတွေးတတ်ရမှာပေါ့...”
Jungkook က ဂရုဏာဒေါသသံပါလာကာ Hoseok ကိုရှင်းပြသည်...သူငယ်ချင်းကိုလည်း သူ့အမှားလို့တွေးကာစိတ်မကောင်းဖြစ်နေမှာကိုလည်းစိတ်ပူရသည်...မဟုတ်တာက ဟိုကလေး...ph ကဘာလို့စက်ပိတ်ထားရတာတဲ့လဲ...လူကြီးတွေကိုသက်သက်မဲ့စိတ်ပူအောင်....
ရုတ်တရက် သူတို့အနားသို့ grapefruit နဲ့ levender ပေါင်းစပ်ထားတဲ့မွှေးရနံ့လေးပျံ့လွင့်လာကာ နှစ်ယောက်လုံးသတိအနေထားနဲ့ဖြစ်သွားရသည်...
"Hoseok...”
Jungkook အသံကြောင့် Yoongi က ခခကိုထိန်းကိုင်ထားရာမှ မျက်နှာလေးဆီကြည့်မိတော့ ချွေးစလေးတွေက ဆံစမှာတောင်စိုကပ်နေကာ...
