Part_10

836 98 10
                                        

ဖြူလွှလွှအုတ်ဂူလေးတွေပေါ် ပန်းစည်းတွေအားတင်လိုက်ပြီး Taehyung အရိုအသေပေးမိသည်...
Jungkook လည်း အနက်ရောင် suit နဲ့လိုက်ဖက်စွာ နုစင်နေတဲ့ သားကို ဘေးကနေတိတ်ဆိတ်စွာ ကြည့်နေမိသည်...

"အာပါး နဲ့ မာမား ...နောက်ကျမှရောက်လာရတဲ့အတွက်တောင်းပန်ပါတယ်....”

Taehyung မျက်ရည်တွေဝဲတက်လာကာ ရင်ထဲစို့နင့်နေသည်...ပါပါးက တစ်ခါမှ သူ့မိဘအရင်းတွေဆီခေါ်ခဲ့ဖူးတာမဟုတ်ပေ...ပထမဆုံးအနေနဲ့ သူ့ကို မွေးဖွားပေးတဲ့မိဘတွေကိုနှုတ်ဆက်ရတာဖြစ်ပေမယ့် သူငိုပဲငိုချင်နေတော့တာ....

"သားက Kim Taehyung ပေါ့နော်...ဟိုနေ့က ပါပါးက နာမည်ထုတ်ပြောတော့ သတိမထားမိဘူး...တောင်းပန်ပါတယ် အာပါး....”

Taehyung က Kim Namjoon ဆိုတဲ့သူ့ဖခင်ရဲ့နာမည်ကိုကြည့်ကာ ပြောလိုက်ခြင်းပင်...

Jungkook ဝမ်းနည်းနေတဲ့ ထိုကလေးအား ပုခုံးကိုဖက်ကာ ဖွဖွပုတ်ပေးလိုက်ပြီး....

"Kim Namjoon က မွေးပေးပေမယ့် မင်းက Jeon Jungkook ရဲ့ Jeon Taehyung ပဲ...မင်းမိဘတွေအခု အသက်ပြန်ရှင်ပြီး မင်းကို ပါပါးလက်ထဲက ခေါ်သွားတောင် မင်းက ငါ့ရဲ့ Jeon Taehyung ပဲ...”

Taehyung ကိုစကားပြောနေတဲ့ ပိရိသေသပ်တဲ့နှုတ်ခမ်းပါးတွေကို ငေးနေမိသည်....ပါပါးက ဘယ်တော့မဆို Taehyung အားကိုးရတဲ့သူ...ဘယ်လောက်ပဲ မျက်နှာထားတည်နေပါစေ Taehyung တစ်ခုခုဆိုရင် နူးညံ့ကြင်နာတတ်တဲ့သူ...ပါပါးအနားမှာနေခွင့်ရတာ သူက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားပါပဲ...မိဘအရင်းတွေမရှိတော့တာတောင်မှ ပါပါးရင်ခွင်ထဲမှာ ကြီးပြင်းရတာကို ဘယ်တော့မှ နောင်တမရပေ....

"ဘာတွေတွေးနေလဲ သား...”

Jungkook သူ့ကို တမေ့တမောငေးနေတဲ့ ဂျစ်တူးကောင်လေးအား မေးလိုက်တော့မှ အကြည့်လွှဲသွားကာ...

"သိချင်တာရှိလို့ပါ...ပါပါးကို မေးသင့်မမေးသင့် စဉ်းစားနေတာ...…”

Jungkook သိချင်စိတ်ဖြစ်သွားရသည်...ဒီကလေး ဘာကိုမေးချင်ပြန်ပြီလဲ....

"မေးလေ....”

Taehyung မာမားရဲ့အမည်လေးကိုကြည့်ကာ....

"မာမားက ပါပါးအတွက် ဘယ်လိုလူဖြစ်ခဲ့လဲ....…”

Jungkook အသက်မပါတဲ့အပြုံးတစ်ခုမျက်နှာပေါ်ဖြစ်ထွန်းသွားသည်....သူတို့ သူငယ်ချင်းလေးယောက်လုံး မပျော်ရွှင်ခဲ့ရတဲ့ဇာတ်သိမ်းနဲ့အဆုံးသတ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို သူပြန်မပြောပြချင်ပါ....

💜 OMEGA အလှလေးရဲ့ကျေးကျွန် 💜Where stories live. Discover now