Part_12

825 108 16
                                        

Jungkook မှာ Meeting ပြီးတာနဲ့ သူ့ကိုစောင့်နေတဲ့ ဧည့်သည်တွေရှိရာရောက်လာခဲ့သည်...

SJ CEO နဲ့ သူ့သားက Jungkook ကိုမြင်တာနဲ့ ရပ်ကာ နှုတ်ဆက်လာသည်....

"ဧည့်သည်ရောက်နေတယ်ဆိုလို့ ဘယ်သူများလည်းလို့....”

"ဟုတ်ပါ့ဗျာ...ကျွန်တော်လည်း ကျွန်တော့်သားကို CEO Jeon ဆီမှာ အလုပ်သင်စေချင်လို့လေ...အဲ့တာလေး တောင်းဆိုချင်လို့ပါ...”

Jungkook အံ့သြသွားပေမယ့် ထိုင်ခုံတွေဆီညွှန် ပြလိုက်ရင်း...

"ထိုင်ပါဦး အရင်ဆုံး....”

သူတို့အသီးသီးနေရာယူကြတော့ Jungkook ရဲ့အတွင်းရေးမှူးက သောက်စရာတွေလာချပေးသည်...

SoonJu ဆိုတဲ့ကောင်လေးက Jungkook ကိုသာ အကြည့်တွေပို့လွှတ်နေပြီး နှုတ်ခမ်းတွေကပြုံးနေသေးသည်....

"CEO Jeon...ခင်ဗျား Singapore က Share တွေကို ပြန်ထုတ်လိုက်ပြီဆို...ကျွန်တော်တို့ရော စာချုပ်ထဲပါနေလို့များလားဗျ....”

Jungkook က ရယ်လိုက်ရင်း...

"မဟုတ်တာ....ကျွန်တော်က ပြည်ပနိုင်ငံတွေမှာ ဖြန့်ထားတဲ့ စီးပွားတွေကို ပြန်ရုပ်သိမ်းချင်ရုံပါ....နောက်ပိုင်း ကျွန်တော်အိမ်ထောင်ပြုရင် အိမ်သားကို အချိန်မပေးနိုင်မှာပူလို့လေ...ခဏတိုင်း ပြည်ပခရီးတွေထွက်မနေချင်တော့လို့ပါ...ဒီကလုပ်ငန်းတွေမှာပဲ ပိုမိုအားစိုက်ချင်လို့....”

Jungkook ရဲ့စကားကြောင့် Soonju မျက်လုံးတွေမှာလက်ခနဲပင်...

....ဦးက အိမ်ထောင်ပြုဦးမှာတဲ့လား.....

SJ CEO က ခေါင်းငြိမ့်ကာ....

"အဲ့တာကြောင့် ကျွန်တော်က ကျွန်တော့်ကလေးကို CEO Jeon ဆီမှာ သင်ယူစေချင်တာ....သူက သူ့အဖေဆီဆို ပေါ့လျော့တယ်လေ...CEO Jeon သဘောတူရင် ကျွန်တော့်ကို ကြိုက်တာတောင်းဆိုလို့ရတယ်...ကျွန်တော့်ဘက်က ပြန်ဖြည့်ဆည်းပေးပါ့မယ်...”

Jungkook အတွက် အဲ့ဒီ omega ကောင်လေးကိုအလုပ်တစ်နေရာပေးတယ်ဆိုတာ မခက်ခဲပေ....ပြီးတော့ သူ့ကိုအသုံးချရမယ့်နေရာ ရှိသေးသည်လေ...

"ရပါတယ်...အခုတော့ ဘာမှမလိုအပ်သေးပါဘူး...တစ်ချိန် ခင်ဗျားဆီက အကူညီလိုအပ်လာရင်တော့ ပြောပါ့မယ်...”

💜 OMEGA အလှလေးရဲ့ကျေးကျွန် 💜Where stories live. Discover now