Hoseok ဒီနေ့လည်း ကျောင်းကိုမလာဖြစ်ဘူးလို့အသိလှမ်းပေးလိုက်ရသည်...ဟိုရက်က ကိစ္စဖြစ်ပြီးကတည်းက စိတ်တွေထဲမွန်းကျပ်နေကာ ဂွမ်ဂျူးက အိမ်ဆီလာနေမိသည်အထိပင်...
Sewoon ကို မိုးရွာရွာ နေပူပူတစ်ရက်မပျက်သွားတတ်တဲ့ Hoseok က သုံးရက်လောက်ကျောင်းမလာတော့ ဆရာမတွေ လက်ထောက်ပါမောက္ခတွေမှာလည်း အထူးအဆန်းဖြစ်နေကြသည်ပင်...တစ်ချို့ကျောင်းသားတွေတောင် ပါမောက္ခချုပ်ချောချောလေးအား မျက်စိရှာဖြစ်သည်အထိပင်....
Hoseok ကိုမတွေ့ရလို့ ဝမ်းအနည်းဆုံးကတော့ Yoongi ပင်ဖြစ်သည်...သူ့လုပ်ရပ်ကြောင့် ခခက ကျောင်းတောင်မလာတော့တာပဲမဟုတ်လား...တောင်းပန်ရန်အတွက် ဖုန်းတွေဆက်တော့လည်း သူ့ဖုန်းမလို့ မကိုင်တာထင်ပါသည်....
"Yoongi...."
ကန်တင်းမှာထိုင်ကာ မှိုင်နေတဲ့ Yoongi အနားသို့ Taehyung ရောက်လာတော့ Yoongi မျက်နှာလေးမှာတောက်ပသွားကာ....
"Taehyung....ခခနဲ့အဆက်သွယ်ရလား..."
Taehyung လေးမှာ ရောက်ရောက်ချင်း သူ့ရဲ့ချစ်သူငယ်ချင်းစကားကြောင့် နှာခေါင်းရှုံ့လိုက်ရင်း....
"မင်းလည်းလေ ငါဒီနေ့မှကျောင်းတက်တာကို ငါ့သူငယ်ချင်းလေး ဘာဖြစ်လို့ကျောင်းပျက်ရတာလဲ ဘာလဲမေးမယ်မရှိဘူး...လူတွေ့တာနဲ့ ဦးငယ်အကြောင်းပဲ..."
Yoongi မျက်နှာမှာ မှုန်သုန်သွားရကာ....
"မင်းကို ညတိုင်းဖုန်းဆက်နေတာပဲ အဖေရဲ့...ခခက ဖုန်းလေးတောင်မကိုင်လို့ လူကမှ စိတ်အခြေအနေမကောင်းပါဘူးဆို..."
Taehyung မှာ မချိုမချဉ်ပြုံးပြကာ Yoongi လက်ထဲ ဖုန်းကမ်းပေးလာရင်း....
"ငါ့ ဖုန်းနဲ့ခေါ်ကြည့်လေ....ပါပါးက ဦးငယ်ကို မနှောင့်ယှက်ရဘူးဆိုလို့ ငါမဆက်တာ...."
Yoongi မှာ Taehyung ph လေးကို လှမ်းယူလိုက်ရင်း....
"ကိုင်ပါ့မလားကွာ..."
Taehyung က မျက်နှာငယ်နဲ့သူငယ်ချင်းအားကြည့်ကာ ခေါင်းရမ်းလိုက်ရင်း....
"ဦးငယ်က ငါ့ဖုန်းဆို မကိုင်ပဲမနေဘူး...မိုးပြိုတောင်ရအောင်ကိုင်မှာ...."
