Part-4

790 91 7
                                        

"ဦးငယ်...

Taehyung စင်ဝင်အောက်ရပ်လာတဲ့ Hoseok ကားကိုမြင်တာနဲ့ အပြေးလေးထွက်လာခဲ့မိသည်...

"ကလေး...ဘာစားပြီးပြီလဲ...

"ပန်ကိတ်...ဦးငယ်ရော စားလာရဲ့လား...

Taehyung ကမေးလည်းမေး Hoseok ကားပေါ်လည်းစွေ့ခနဲဝင်ထိုင်လေသည်...

"ဦးငယ်လည်း စားလာခဲ့တယ်...

Taehyung ကိုဖြေပြီးတော့ Hoseok အိမ်တော်ထိန်းကြီးကိုကြည့်ကာ...

"ဒေါ်လေး ညကျမှပဲ ကလေးကိုပို့ပေးတော့မယ်နော်...

"ရပါတယ် သခင်လေး...

Hoseok ပြုံးပြကာ ကားကိုဖြည်းဖြည်းချင်းမောင်းထွက်လာလိုက်သည်...

ရှပ်လက်ရှည်မိုးပြာရောင်ပွပွကို ဂျင်းဘောင်းဘီနက်ပြာရောင်ထဲဖြစ်သလိုထိုးသိပ်ထည့်ကာ ကျောပိုးအိပ်အနက်အားပုခုံးတစ်ဖက်မှာခပ်လျှောလျှောလွယ်ထားတဲ့ Jeon Taehyung လေးက ၁၆ နှစ်နဲ့မလိုက်အောင် စတိုင်ကျမိမိုက်နေသည်...

"ကျောင်းရောက်ရင် ရန်ထပ်မဖြစ်ရဘူးနော်...

"အင်း...

"ဟို ခေါင်းစိမ်းနဲ့လည်း တပူးတွဲတွဲမနေနဲ့.....သူက Alpha နော်...

"Yoongi က ယုံရပါတယ် ဦးငယ်ရဲ့...

"ယုံရမယုံရပြောနေတာမဟုတ်ဘူး...ကလေးက omega လေ...wolf မျိုးစိပ်တွေထဲမှာ အန္တရာယ်အများဆုံးပဲ...အတတ်နိုင်ဆုံး Alpha ကောင်တွေကိုရှောင်...Heat စတော့မှာကို ပေါ့လျော့မနေနဲ့...

Hoseok စကားအားကြားပြီး မျက်ခုံးနက်လေးတွေက တွန့်ချိုးနေပြန်သည်...Hoseok သဘောကျစွာပြုံးလိုက်ရင်း ရွှေအိုရောင်ဆံသားအိအိလေးတွေကို ဆွဲဖွမိတော့...

"အာ....ဦးငယ်...သားဆံပင်တွေပုံပျက်ကုန်တော့မယ်...

"ကလေးစုတ်လေး လှချင်လာပြီမလား...

"ချောချင်တာပါနော်...ပါပါးလိုမျိုး...

Hoseok ခေါင်းသာရမ်းမိတော့သည်... Alpha နဲ့ဘယ်ယှဉ်လို့ရပါ့မလဲ...Jungkook လို Type မျိုးဆိုပိုဆိုးသေး...

"ကျောင်းရောက်ရင်....

"Alpha တွေနဲ့စကားမပြောရဘူး...ရန်မဖြစ်ရဘူး...စာသေချာလိုက်လုပ်ရမယ်....

💜 OMEGA အလှလေးရဲ့ကျေးကျွန် 💜Where stories live. Discover now