At America.....
Taehyung နေတဲ့ကျောင်းက သူတို့လို omega တွေချည်းသာတက်ရတဲ့ သီးသန့်ကျောင်းဖြစ်သည်...Yoongi က တော့ Taehyung တို့ကျောင်းနဲ့ သုံးပြလောက်အကွာက Alpha သီးသန့်ကျောင်းမှာတက်လေသည်...
Taehyung က စီးပွားရေးဘက်ဆိုင်ရာပဲ တက်ပေမယ့် Yoongi ကတော့ ဆေးလိုင်းဘက်ကူးသွားသည်....ဘာစိတ်ကူးပေါက်မှန်းမသိပေမယ့် အရမ်းတက်ကြွနေတဲ့ သူငယ်ချင်းကို Taehyung ဘာမှမပြောချင်ပါ...
သူတို့မှာ အခုဆို သူငယ်ချင်းအသစ်တွေရနေပြီဖြစ်သည်....Yoongi တို့်ဆေးလိုင်းဘက်က Yoongi ရဲ့စီနီယာ Lee Soohyuk ရယ် Lee Soohyuk ရဲ့ညီမလေး Taehyung နဲ့အတန်းတူ Lee JungEun ရယ်ပဲဖြစ်သည်....
ညနေကျောင်းဆင်းရင် JungEun နဲ့သူ့ကို Yoongi အားရင် Yoongi လာကြိုသည်...Yoongi မအားရင်တော့ စီနီယာက လာကြိုတတ်သည်...သူတို့မောင်နှမရှိနေတော့ Taehyung တို့မှာ အဆင်ပြေလေသည်....
America ရောက်ပြီး အဆင်မပြေတာကတော့ ပါပါးနဲ့သူ့ရဲ့ဆက်ဆံရေးပဲ...Taehyung ရောက်နေတာ ခြောက်လလောက်ရှိတော့မည်...သူလည်းပါပါးကိုမခေါ်သလို ပါပါးကလည်း သူ့ဆီယောင်လို့တောင်ဖုန်းမဆက်ပေ...
သူတို့ဆက်ဆံရေးက ဟိုတစ်ခါ ပါပါးသူ့ကိုအတင်းအကျပ်နမ်းပြီးကတည်းက သူစိမ်းတွေအတိုင်းဖြစ်သွားတော့တာ...Taehyung မှာ စိတ်ဆိုးနေပေမယ့် ပါပါးနဲ့တစ်ခါမှမခွဲဘူးတော့ ပါပါးကိုခိုးခိုးလွမ်းနေရသေးသည်....အဲ့ဒီအသည်းမာတဲ့လူကြီးကသာ နေနိုင်နေတာ...
ဦးငယ်နဲ့ Yoongi ကတော့ မကြာခနဖုန်းပြောဖြစ်ကြသည်...ဦးငယ်ကိုဖုန်းဆက်တိုင်း ပါပါးနဲ့စိတ်ခုနေကြတာရှိရင် ပြေလည်ဖို့ပြောပေမယ့် Taehyung ကခေါင်းမာတော့ ပြောမရပေ...
အခုလည်း Yoongi နဲ့ ဦးငယ်ဖုန်းပြောနေကြလေသည်...Taehyung မှာ ပါပါးအကြောင်းများကြားရမလားလို့ ဘေးနားမှာရစ်သီရစ်သီနဲ့လုပ်နေမိသည်....
"Jeon Taehyung...မျက်စိကိုနောက်နေတာပဲ...ထွက်သွားပေးပါ့လား....”
Yoongi က ဖုန်းကိုလက်နဲ့ပိတ်ပြီးပြောလေတော့ Taehyung က ခေါင်းရမ်းကာ...
"No...thank you....”
Yoongi မှာ Taehyung အား အကြည့်နဲ့ဆဲနေသလိုပင်...
