Part_9

690 92 8
                                        

"မာမားကိုလည်း ပါပါးဒီလိုထွေးပွေ့ဖူးမှာပဲနော်...”

Jungkook ရင်ခွင်ထဲက ကောင်ကလေး အသံကြောင့် မျက်ဝန်းတို့ပြူးကျယ်သွားရကာ အံ့သြတကြီး သားရဲ့ မျက်နှာလေးအား ငုံ့ကြည့်လိုက်မိသည်...

"သား...ဘာတွေပြောနေတာလဲ...”

ပါပါးအသံကြောင့် လူကပိုငိုချင်လာရသည်...ရစ်သိုင်းလာတဲ့မျက်ရည်တွေကို မျက်တောင်ရှည်တို့အား ပုတ်ခတ်ကာ ကြိုးစားဖယ်ရှားပေမယ့် စိုစွတ်နေတဲ့မျက်ဝန်းတွေက လိမ်ညာမရစွာပဲ...ငိုမိပြန်ပါသည်....

"ကြားခဲ့တယ်...သားက....ပါပါးရဲ့သား...မဟုတ်ဘူးဆိုတာကို...”

Jungkook မှာ မယုံကြည်နိုင်စွာပင် ခေါင်းတွေအား ခါရမ်းကာ....

"မဟုတ်တာ..... သားကို ဘယ်သူပြောလိုက်တာလဲ....လျှောက်ယုံနေတာကွာ....”

"ပါပါးနဲ့ဦးငယ်ပြောနေတာတွေ....အကုန်ကြားရတယ်.....…”

"ဘယ်လို...ဒါဆို သားက....Company ကို လိုက်လာတာလား...ဟုတ်လား....”

Jungkook ကိုကြည့်ပြီး ခေါင်းငြိမ့်ပြကာ တအီအီငိုနေတဲ့ကလေးကြောင့် Jungkook ရင်နာရသည်....ထိုကလေးအား ထွေးပွေ့လိုက်ပြီး ကျောပြင်လေးအားပွတ်သပ်ပေးနေရင်း....

"ဘာတွေပဲဖြစ်လာဖြစ်လာ သားက ပါပါးရဲ့သားပဲ...ပါပါးသားကို ဘယ်တော့မှ မစွန့်လွှတ်ဘူး...အဲ့တာကြောင့် ဝမ်းမနည်းနဲ့တော့နော်...…”

"အဲ့တာ မာမားကြောင့်မလား...…”

"သား....”

"မာမားက ပါပါးရဲ့အချစ်ဦးတဲ့...သားကို မာမားနဲ့တူလို့ ခေါ်လာခဲ့တာလား...”

Jungkook ထိုကလေးအားရင်ခွင်ထဲမှထုတ်ကာ မျက်လုံးချင်းဆုံအောင်ကြည့်လိုက်ပြီး...

"မဟုတ်တာတွေ လျှောက်မပြောနဲ့...ပါပါးစိတ်ဆိုးမိလိမ့်မယ်...မင်းကို...”

Taehyung နှုတ်ခမ်းအားဖိကိုက်လိုက်ရင်း ဝမ်းနည်းစိတ်ကိုတွန်းလှန်နေမိသည်...အခုတောင် အော်နေတာပဲကို...

"မင်း မာမားကတောင်းဆိုလို့ ခေါ်ခဲ့ရတာထက် မင်းကို စောင့်ရှောက်ချင်ခဲ့တာ...မင်းဖခင်အရင်းရယ် မင်းမာမားရယ်က ပါပါးရဲ့သူငယ်ချင်းအရင်းတွေ...”

💜 OMEGA အလှလေးရဲ့ကျေးကျွန် 💜Where stories live. Discover now