Taehyung ထမင်းစားခန်းထဲဝင်လာတော့ ခုထိသူ့ကိုမျက်နှာချင်းမဆိုင်တဲ့ ပါပါးကိုတစ်ချက်ခိုးကြည့်ကာ ပါပါးနဲ့မျက်နှာချင်းဆိုင်စားပွဲမှာဝင်ထိုင်လိုက်မိသည်...
Taehyung ရှေ့သို့ နွားနို့တစ်ခွက်နဲ့ အသားကင်,ဘာဂါတို့ရောက်လာကာ မနက်စာကို စတင်စားလိုက်မိသည်...ပါပါးဘာဖြစ်တယ်ဆိုတာကို Taehyung က Internet အသုံးပြုကာ သိလိုသမျှတွေကိုရှာဖွေကြည့်မိထားတာကြောင့် အတန်အသင့်ရိပ်မိကာ ပါပါးကိုသနားမိသည်...
သူ့အတွက်ကြောင့် ပါပါးကနောက်အိမ်ထောင်မပြုဘဲ Rut ကာလကိုခက်ခဲစွာဖြတ်သန်းနေရသည်ပဲ...ဒါပေမယ့်လည်း ပါပါးဘေးနား ဘယ် omega ကိုမှမမြင်ချင်သလို.... သူ့ရဲ့ချောမောခန့်ညားတဲ့ ပါပါးကို ဘယ်သူ့ကိုမှ မပေးလိုက်ချင်ပါ...
ပါပါးကို မသိမသာအကဲခတ်နေမိသည်...Taehyung တွေးမိတာက ပါပါးကအမြဲတမ်း ဆံပင်တွေကိုနောက်လှန်ဖြီးသင်ထားကာ အသက်သုံးဆယ်အရွယ်နဲ့လိုက်အောင် ဝတ်စားဆင်ယင်တတ်သည်...ဘယ်သူပဲကြည့်ကြည့် အရမ်းရင့်ကျက်တည်ငြိမ်လွန်းတဲ့ ပါပါးကို ရင်ထဲမှာဘာတွေဖြစ်နေတယ် ဘာတွေခံစားနေရတယ်လည်းမသိနိုင်ပါ...ယုတ်ဆွအဆုံးပျော်နေတာလား..အခုစိတ်အခြေအနေကရော စကားပြောလို့အဆင်ပြေတဲ့အခြေအနေလား...မဟုတ်တာများလားလို့ တစ်ဖက်လူကတွေးနေရသည်အထိ အရယ်အပြုံးမရှိတဲ့ မျက်နှာသေနဲ့ ဘယ်လိုတောင်နေနိုင်ရသလဲလေ...
Jungkook ကိုမျက်လုံးကျွတ်ကျမတတ်ကြည့်နေတဲ့ သားကြောင့် မျက်ခုံးတို့ကတွန့်ချိုးလိုက်မိသည်...ဘာတွေများ အဲ့လောက်အကဲခတ်နေတာပါလိမ့် အဲ့ဒီကလေး...
"ပါပါး...သား ကျောင်းပိတ်ရက်မလို့ Company ကိုလိုက်လို့ရလား..."
Jungkook မခေါ်ချင်ပေမယ့် သူမရှိတုန်း heat ဝင်လာရင် ဒုက္ခရောက်မှာစိုးလို့ ခေါ်သွားဖို့တွေးလိုက်မိသည်...
"ရတယ်...ဒါပေမယ့် စကားနားထောင်..."
"ဟုတ်ကဲ့ ပါပါး..."
Company ရောက်တော့ JK လုပ်ငန်းစုရဲ့ဝန်ထမ်းတွေက Taehyung ကိုမမြင်ဖူးတာမို့ ဝိုင်းကြည့်နေကြလေသည်...သို့ပေမယ့် ပေါ်တင်လည်းမကြည့်ရဲပေ..အနောက်က CEO က သူ့သားကိုကြည့်တဲ့သူတွေကို နေရာတင်သတ်ပစ်ချင်နေတဲ့အကြည့်တွေပစ်လွှတ်နေတာကြောင့်ပင်...
