"မင်းမျက်လုံးထဲမှာ ငါ့ကို လေးစားမှုရောရှိသေးရဲ့လား Jeon Taehyung...”
ကားမောင်းနေရင်း နောက်ကြည့်မှန်ကနေ သူ့မျက်လုံးတွေထဲကိုကြည့်ကာမေးလာတဲ့ ပါပါးကြောင့် Taehyung မျက်နှာမှုန်ကုပ်ကုပ်လေးက ပိုပြီးအလိုမကျစွာတည်တင်းလာလေသည်...
"မေးနေတာဖြေလေ...ငါ့ကိုစိတ်မရှည်အောင်လုပ်နေတာလား...”
တင်းမာလာတဲ့လေသံကြောင့် Taehyung နောက်ကနေမြင်နေရတဲ့ ပါပါးရဲ့နောက်ကျောကို တစ်ချက်ကြည့်လိုက်ရင်း...
"ရန်လေးဖြစ်တာကို...”
Jungkook ဂျစ်တူးကောင်လေးဆီကအဖြေကြောင့် အံ့သြသွားရသည်...မျက်နှာထားကလည်း သူဘာမှမှားမနေဘူးဆိုတဲ့ရုပ်နဲ့...
"ဟိုကျောင်းသားတွေကို ရစရာမရှိအောင်ထိုးကြိတ်ခဲ့လို့ Hoseok ဆီခံဝန်လတ်မှတ်ထိုးပြီး ပြန်လာရတာကို မင်းက ရန်လေးဖြစ်တာလို့ပြောနေတာလား...”
လေထုထဲတွင် ပါပါးရဲ့ Blackberry နဲ့ fresh woody ပေါင်းစပ်ထားတဲ့ ပြင်းရှရှရနံ့ Pheromone တွေက ဒေါသတကြီးပျံ့လွင့်လာတော့ Taehyung လန့်သွားကာ....
"ပါပါး...သား နှစ်ခါဆို ခံနိုင်ရည်မရှိတော့ဘူး....မလုပ်ပါနဲ့....”
Jungkook ဂရုမစိုက်ပေ....ဒီကလေးက သူ့ဒေါသကိုလာဆွနေတာပင်...သူလိုချင်တာတို့ သူလုပ်ချင်တာတို့ တစ်ခုခုရှိရင် သားလို့သုံးနှုန်းပြီးပြောတတ်သည်...သူ့ကိုယ်သူ omega ဟုမခံယူဘူးလို့လည်းပြောသေးသည်...Jungkook က Alpha တောင်မှ Dominant Alpha မလို့ သူကလည်း Jungkook ကိုအတုခိုးကာခပ်မိုက်မိုက်ပုံစံနဲ့နေတတ်သည်...
အရွယ်လေးရောက်ချင်လာတော့ Uni စတက်ပါပြီဆိုကတည်းက သူ့ကိုယ်သူ ကျွန်တော်ဟုသုံးလာသည်...ခပ်မိုက်မိုက်ပုံစံဖမ်းတာလွန်သွားပြီး ရန်တွေပါဖြစ်တတ်လာသည်...ရန်ဖြစ်လာတိုင်း Jungkook က အခန်းတံခါးပိတ်ကာ ကြိမ်လုံးနဲ့ခြေသလုံးလေးတွေကိုရိုက်ကာ အပြစ်ပေးသည်...အခုလည်း သူရိုက်ရမှာပင်...သူပြုပြင်သလောက် ထစ်ခနဲဆို Jeon Taehyung ကလက်ပါတတ်လာသည်...
ပေါင်းတဲ့ကောင်လေးက Alpha.... သူနဲ့ရန်ဖြစ်တဲ့အဖွဲ့တွေကိုကြည့်လိုက်ရင်လည်း Alpha တွေကများများ...သူ့အန္တရာယ်သူမသိဘူး...Jungkook စိတ်ထဲအမြဲပူပန်နေရသည်...အစက Uni ကို omega ကျောင်းသီးသန့်မှာထားမလို့ Hoseok က ကလေးကိုသူ့မျက်စိအောက်မှာပဲထားချင်သည်...
