Part-5

764 90 6
                                        

Jungkook နဲ့ ph ပြောပြီးတော့ Hoseok ဧည့်ခန်းထဲပြန်ဝင်လာလိုက်သည်...အစက သူဒီမှာ ကလေးကိုအဖော်ပြုပြီးအိပ်ပေးမလို့ဆိုပေမယ့် Jungkook က ချက်ချင်းပြန်လာခဲ့မည်ဟုဆိုလာသည်....

ကလေးကိုလည်း America က Omega ကျောင်းသီးသန့်မှာပြောင်းထားဖို့ပြောလာသည်...သူမလွှတ်ချင်ပေမယ့် အဲ့နည်းလမ်းကပဲ Taehyung အတွက်အကောင်းဆုံးဖြစ်မှာပင်...ခုနက Jungkook သူ့ကို ph ဆက်ပြီး Taehyung ဆီအမြန်သွားဖို့မပြောရင် ဘာတွေဆက်ဖြစ်သွားနိုင်လဲ သူမတွေးရဲပေ....

ကလေးက တွေ့ကရာ Alpha ကောင်ရဲ့ Mark ခြင်းခံရမည်သာ...တော်သေးသည်က Yoongi ရှိနေလို့ သူတို့အန္တရာယ်ကင်းခြင်းပင်...

"ခခ....ပြန်ရင်ကျွန်တော်လိုက်ပို့မယ်...Taehyung က သတိရလာဦးမှာမဟုတ်ဘူး...သူသတိရမှ ထပ်လာရအောင်...”

"Yoongi...မင်းကို ပြောစရာရှိတယ်...”

"ပြောပါ...”

"မင်း နိုင်ငံခြားမှာ ကျောင်းတက်ပါလား...”

Yoongi ခခ စကားကြောင့် အလိုမကျဖြစ်သွားရကာ...

"ဘာလို့လဲ...ခခက ကျွန်တော့်ကိုမမြင်ချင်တော့လို့လား...”

"မဟုတ်တာ Taehyung ကို America မှာကျောင်းသွားတက်ခိုင်းမလို့...မင်းလည်းလိုက်သွားပါလား...”

"Omega ကျောင်းသီးသန့်ထားမှာမဟုတ်လား...ကျွန်တော်က Alpha လေ...”

"တကယ်လို့ လိုက်တက်မယ်ဆို မင်းတက်မယ့်ကျောင်းနဲ့နီးတဲ့ကျောင်းစုံစမ်းလိုက်မယ်...ဘယ်လိုလဲ...”

"ကျွန်တော်ကရတယ်...ကျွန်တော့်ဦးလေးကလည်း America ကိုအပြီးပြောင်းနေစေချင်တာ...ကျွန်တော်ကသာ အဲ့မှာမပျော်လို့...Taehyung သွားမယ်ဆို လိုက်သွားလို့ရတယ်...”

"ok ကျေးဇူးပါ Yoongi...”

Yoongi မှာ သူအလွယ်တကူသဘောတူလိုက်တာနဲ့ မျက်ဝန်းလေးတွေလက်သွားတဲ့ omega လေးကိုကြည့်ကာ ရင်ထဲနင့်သွားရသည်...ခခကို သူခွဲရမှာပဲ....

"Taehyung သတိရလာရင်...”

"ခခ...”

Hoseok သူ့စကားကိုဖြတ်ကာခေါ်လာတဲ့ကောင်လေးကြောင့် သူလျှာတစ်ချက်သပ်လိုက်မိသည်...

💜 OMEGA အလှလေးရဲ့ကျေးကျွန် 💜Where stories live. Discover now