Chapter 8

5.7K 235 50
                                    

တစ်နေ့လုံး ကြုံခဲ့ရသည့် စိတ်ရှုပ်ထွေးပင်ပန်းခဲ့ရမှုများအား တေဇတစ်ယောက် ရေချိုးခန်းထဲရှိ ရေစိမ်ကန်ထဲ၌ မိနစ်အတော်ကြာ စိမ်နေရင်းဖြင့် ဖြေလျှော့နေမိသည်။

အခုတလော စိတ်ပင်ပန်းမှုများလာပြန်လို့လားမသိ၊ သူ့နှလုံးက တစ်ချက်တစ်ချက် ပြန်ဖောက်လာပြန်သည်။ ဟိုးတစ်ခါ ပုပ္ပားတောင်ပေါ်၌  တစ်ယောက်တည်း ရှိနေတုန်းကဆိုလျှင် သူ သတိပင်လစ်သွားခဲ့သည့်အထိ ပြန်ဖြစ်လာသည်။

တေဇ ရေစိမ်ကန်ထဲမှ ထွက်လိုက်ကာ နောင်ရိုးရိပ် သူ့ကို ပြောပြဖူးတာကို သတိရသွား၏။ အဲ့ကောင် တစ်ခုခုဖြစ်ရင် သူ့ညီလေးက ပြင်းပြင်းထန်ထန် လိုက်ခံစားရတတ်သည်ဟု ပြောခဲ့ဖူးသည်။ ထို့ကြောင့် အဲ့နေ့က သူ တစ်ခုခုဖြစ်နေတာကို ရိပ် ချက်ချင်းသိခဲ့ခြင်းမှန်း သူ မှန်းလို့ရသွားခဲ့၏။ ဒီကောင်လေး သူ့အဖိုးအား အစွမ်းရှိတယ်ဆိုပြီး ညာရွှီးနေတာကို သူ အရင်ကတည်းက သိနေသော်လည်း သူ့ကို အချိန်မီ လာရှာနိုင်ခဲ့တာအတွက် ထိုအချိန်က သူကိုယ်တိုင်ပင် အကြောင်းပြချက်တော့ မရှာတတ်ခဲ့ပေ။

တေဇ သူ့ခါးပေါ်သို့ တဘက်ထပ်ဝတ်လိုက်ပြီး အနည်းငယ် အလိုမကျဖြစ်သွားသည်။ နောင်ရိုးရိပ် မရှိတော့တာတောင်မှ ဒီကောင့်နှလုံးလေး ရှိနေသေးရုံနဲ့တင် ဒီကောင်က ရိပ်ကို အခုလို နာကျင်အောင် လုပ်နိုင်သေးပုံပင်။

"ဟက်၊ တော်တော်ချစ်နေကြတဲ့ ညီအစ်ကိုတွေပေါ့"

တေဇ ရေချိုးခန်းအပြင် ထွက်လာချိန်၌ ဒေါသ ထောင်းခနဲ ဖြစ်ရပြန်၏။

"ဟေ့၊ မင်း ငါ့ကုတင်ပေါ် ဘာလို့တက်အိပ်နေပြန်ပြီလဲ၊ ထစမ်း"

တစ်ရက်လေး ပေးအိပ်လိုက်မိတာနဲ့ သူ့ကုတင်လို့များ ထင်နေလားမသိသည့် ရိပ်ကို တေဇ ခပ်ကြမ်းကြမ်း ဆွဲလှုပ်ပြီး ထခိုင်းရသည်။

ထိုကောင်လေး သူ့မျက်စိကို ပွတ်သပ်ရင်း မျက်လုံးစင်းများဖြင့် ပြန်အိပ်သွားပြန်၏။

"မင်းတော့ ငါ လုပ်ရင် သေတော့မယ်၊ ထပါဟ၊ မင်း ငါ့ကို တစ်မျိုးပြီးတစ်မျိုး ဒေါသထွက်အောင် လုပ်နေတာလား"

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now