တေဇ ထွက်ဝယ်ခိုင်းသော ကော်ဖီခွက်နှင့်အတူ ရိပ်တစ်ယောက် တေဇ၏ ရုံးခန်းရှေ့သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
ထိုစဉ် တေဇအခန်းကို လှမ်းကြည့်လိုက်မိသည့် သူ့မျက်ဝန်းများက စူးရဲသွားကာ ရိပ် သူ့လက်ထဲက ကော်ဖီခွက်ကို ဖြစ်ညှစ်လိုက်မိတာမို့ ကော်ဖီတချို့ပင် ဖိတ်စင်လုနီးနီးဖြစ်သွားခဲ့၏။
ရိပ် အတွင်းရေးမှူးကောင်လေးနား လျှောက်လာခဲ့ပြီး သူ့ဒေါသသံကို မနည်းမျိုချရင်း မေးရသည်။
"အထဲက ဘယ်သူလဲ"
"ဆရာ့ရဲ့ ဧည့်သည်တဲ့၊ ကျွန်တော်လည်း မသိဘူး၊ ဆရာနဲ့ အရေးကြီးကိစ္စ ဆွေးနွေးချင်လို့ပဲ ပြောတယ်"
"ဟက်၊ တော်တော်အရေးကြီးပုံပဲ၊ ဖက်ပြီးတောင် ဆွေးနွေးရတယ်ဆိုတော့"
အတွင်းရေးမှူးကောင်လေးခမျာ အခုမှသာ ရုံးခန်းကို နောက်ပြန်လှည့်ကြည့်လိုက်မိတာမို့ ပြုံးဖြဲဖြဲ ဖြစ်သွားချိန် ရိပ်ကတော့ ရုံးခန်းထဲသို့ တွန်းဝင်သွားပြီဖြစ်သည်။
နှောင်ကြိုးရိပ် သူ့လက်ထဲက ကော်ဖီခွက်ကို အချစ်ငှက်နှစ်ကောင် ဘေးရှိ စားပွဲပေါ် စောင့်တင်လိုက်သည်။
"ကော်ဖီရပြီ၊ မအေးခင် အရင်သောက်၊ ဖက်တာက ဘယ်အချိန်ဖက်ဖက် ရတယ်"
လူစိမ်းအသံကြားလိုက်ရချိန်၌ နေဆက်ပိုင် တေဇ ရင်ခွင်ထဲက ထွက်လိုက်ပြီး အလိုက်မသိသည့် လူစိမ်းကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
"ကိုကို အလုပ်များနေရင် လုပ်လေ၊ ကျွန်တော် ကိုကိုနဲ့ နေ့လယ်စာ တူတူစားဖို့ စောင့်နေမယ်"
တေဇ နာရီကို လှမ်းကြည့်လိုက်ချိန်၌ နေ့လယ်စာ စားဖို့အချိန်ပင် ရောက်ခါနီးပြီမို့ ထိုကောင်လေးကို သူ့အခန်းထဲမှာသာ ထိုင်စောင့်ဖို့ ပြောလိုက်ရင်း ရိပ်နား လျှောက်လာကာ ရိပ်လက်ထဲက ကော်ဖီခွက်ကို ဆွဲယူလိုက်သည်။
"ရပြီ၊ ထွက်တော့၊ ဒီနေ့ နေ့လယ်စာကို အခန်းထဲ လာမပို့ခိုင်းနဲ့တော့၊ ငါ သူနဲ့ပဲ အပြင်ထွက်စားလိုက်မယ်"
ရိပ် သူ့ဘေးရှိ နံရံမှာသာ လက်ပိုက်မှီရပ်နေရင်း သူ့မျက်နှာတစ်ခုလုံး မျက်နှာကြောတင်းလျက်ရှိသည်။ တေဇက အပြင်စာ စားလေ့မရှိပေ။ အခုတော့ ဘယ်ကမှန်း မသိတဲ့ လူနဲ့ ထွက်စားဖို့တောင် ပြင်နေသည်။
YOU ARE READING
သခင့်ခြေတော်ရင်း [Completed]