Chapter 21

5.9K 235 56
                                    

ခရီးက ပြန်ရောက်တာ တစ်ပတ်ရှိနေပြီဖြစ်သည့် တေဇတစ်ယောက် အလုပ်တွေကို သုံးလစာ စစ်ဆေးနေရသလို အရင်ထက်လည်း အလုပ်ပိုလုပ်နေရသည်။

ဒီညနေတော့ သူ့အလုပ်တွေ စောပြီးသွားသည်။ နေဆက်ပိုင် သူနဲ့ ညစာထွက်စာချင်ကြောင်း ပြောထားတာလည်း ကြာနေပြီမို့ သူ အိမ်ပြန်ပြီး နေဆက်ပိုင်ကို ဝင်ကြိုသည်။ ထို့နောက် နေဆက်ပိုင် သွားချင်သည့် စားသောက်ဆိုင်ရှိရာသို့ သူ ကိုယ်တိုင်သာ မောင်းလာခဲ့သည်။

"ခါးပတ်ပတ်လိုက်ဦး"

ကိုကိုများ အလိုက်တသိ ပတ်လာပေးမလား စောင့်နေခဲ့သည့် နေဆက်ပိုင် နှာမှုတ်လိုက်မိကာ ခါးပတ်ကို ဇိုးဇိုးဇက်ဇက် ပတ်ပစ်လိုက်သည်။

"ကျွန်တော် ခုတလော ခဏခဏ အန်နေတာ၊ စားခါနီးတိုင်း အန်နေတော့ ပိုဆိုးတယ် သိလား၊ အာ့မို့ အ‌ပြောင်းအလဲဖြစ်အောင် အပြင်မှာ ထွက်စားချင်တာ၊ ကျွန်တော့်ဗိုက်ထဲမှာ ကလေးလေးရှိနေတာ နေလို့မကောင်းဘူး"

တေဇ သေချာနားထောင်ပေးနေပြီး ကားကို ဂရုတစိုက်ဖြင့် အရှိန်လည်း မများအောင် မောင်းနှင်နေသည်။ နေဆက်ပိုင် သူ့ရင်သွေးလေးကို လွယ်ထားပေးရတာ ပင်ပန်းနေပုံရမှန်း သူ သတိထားမိပါသည်။ ဆရာဝန်ဆီ ရက်ချိန်း သွားပြဖို့ ရှေ့ရက်က လိုက်သွားပေးတုန်းကတောင် ဆရာက ဖြစ်ရိုးဖြစ်စဉ် မဟုတ်သည့် အခြေအနေတွေမို့ ကလေးလေးကို လွယ်ထားပေးရသည့် နေဆက်ပိုင်ကို သေချာဂရုစိုက်ဖို့ လိုအပ်ကြောင်းနှင့် ယခုလို ကိုယ်ဝန်ဆောင်ထားရချိန်၌ ပင်ပန်းလွယ်တတ်သလို စိတ်ကလည်း အားငယ်တတ်ကြောင်း ရှင်းပြလိုက်သေးသည်။ အိမ်ထောင်ဖက်၏ နွေးထွေးစွာ ဂရုစိုက်ပေးမှုက အခုလိုအချိန်၌ သူတို့အတွက် အားဖြစ်စေသည်ဟု ဆိုလိုက်သေး၏။

နေဆက်ပိုင်ကို သူ မချစ်မှန်း သူ့ကိုယ်သူ သေချာသိနေသော်လည်း နေဆက်ပိုင်ဗိုက်ထဲက သူ့ရင်သွေးလေးကိုတော့ သူ အခုကတည်းက ချစ်‌နေပြီဖြစ်သည်။ တစ်နေ့တစ်နေ့ ကလေးအတွက် ပစ္စည်းလေးတွေ၊ အရုပ်လေးတွေ ဝယ်စုရတာကကို သူ့အတွက် ပျော်စရာဖြစ်နေသည်။

"ဘာစားချင်လဲ"

"ကိုကို ကြိုက်တာမှာ‌၊ ကျွန်တော် ကိုကို့ဆီကပဲ နည်းနည်းကပ်စားတော့မယ်၊ အစားအသောက်နံ့ရတာနဲ့ကို အန်ချင်သလိုဖြစ်နေပြီ"

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now