"စင်စစ်တော့ အတ္တဆိုတာမှာကလည်း မူလပထမဖြစ်စဉ်အဖြစ် မရရှိခဲ့တာတွေနှင့်ချည်း စခဲ့တာပင် ဖြစ်ချေလိမ့်မည်။"
မြေနီနီလမ်းကြား လုံးချင်းဝတ္ထုလေးကို ရေးပြီးခဲ့တာကြာပါပြီ။ ခုတော့ စာအုပ်ကလေးအဖြစ်နဲ့ စိတ်ကူးချိုချို စာအုပ်တိုက်ကနေ စတင် ဖြန့်ချီပါတော့မယ်ခင်ဗျ။ လာမယ့်အပတ်ထဲ စာအုပ်ဆိုင်တွေပေါ် ရောက်ပါမယ်။
ဘာအကြောင်းလဲဆိုတော့....
"အတ္တဝါဒီအမျိုးသမီးတစ်ယောက် ပဟေဠိဆန်တဲ့ မြေနီနီလမ်းကြားမှာ လူးလာယှက်ပြေးခဲ့တဲ့ ပုံရိပ်တွေပါ။ ကြည်သာဆိုတဲ့ အမျိုးသမီးရဲ့ စိတ်ရေလှိုင်း အနိမ့်အမြင့်အတက်အကျကို လိုက်ပါစီးမျောရေးသားထားပါတယ်။ စာဖတ်သူလည်း ထိုနည်းလည်းကောင်း လိုက်လံ စီးမျောရမှာပါပဲ။ သည်းထိတ်ရင်ဖိုလို့ပြောလို့ရသလို အိပ်မက်ဆန်ဆန်ရေးထားတယ်လို့ ခေါင်းစဉ်တပ်လို့ရပါတယ်။ ဒါကတော့ စာဖတ်သူရဲ့အပိုင်းပါပဲခင်ဗျာ။"စာမျက်နှာ- ၁၂၁
တန်ဖိုး -၅၅၀၀ ကျပ်
ပထမအကြိမ်၊ အုပ်ရေ ၅၀၀။
မျက်နှာဖုံးပန်းချီကတော့ ပင်တိုင်စံ Htun Tauk Win ပါ။**Preorder မှာချင်သူများ ကျနော့် chat box မှာ လာရောက်မှာယူနိုင်ပါတယ်ခင်ဗျာ။ Seikku Cho Cho fb page နဲ့ အပါးတော်မြဲ စာပေတိုက် နှင့် စာအုပ်ဆိုင်များ fb page တို့မှာလည်း preorder တင်နိုင်ပါတယ်ခင်ဗျ။ **