Unicode
လက်ချောင်းကြမ်းကြမ်းတို့၏ အထိအတွေ့ကြောင့် ကြည်သာ တွန့်ခနဲ ဖြစ်သွားသည်။ လက်တို့သည် အေးစက်စက် ၊ အငွေ့အသက်ကင်းမဲ့နေ၏။ လက်ချောင်းတုတ်တုတ် ရှည်ရှည်များသည် သူမကို စကားပြောနေသည့်ဟန် ခံစားနေရသည်။ လက်ချောင်း၏ အထိအတွေ့သည် နင့်ကို ငါပိုင်တယ် ဟူသည့် ပိုင်စိုးပိုင်နက် သဘောမျိုး၊ ရုန်းလို့မရဘူး ဟူသည့်အသိမျိူး ဖြစ်လာစေသည်။ ကြည်သာ မျက်လုံးကို စုံမှိတ်လိုက်သည်။ သူမ အဖေ၏ လက်ကြမ်းကြမ်းများသည် သူမ လက်မောင်းများမှ တစ်ဆင့် သူမ၏ မိန်းမကိုယ်အောက်သို့ ရွေ့လျားလှူပ်ရှားသွား၏။ ကြည်သာ၏ ဘောင်းဘီအတိုလေး ကြားထဲတွင် လက်သည် လျင်မြန်စွာ လှုပ်ရှားနေသည်။ ကြည်သာသည် ထိုခံစားမှူအား ထူးဆန်းကြောက်လန့်လျက်ရှိသည်။ သူမ တအားကုန် အော်ဟစ်လိုက်သည်။ ထို့နောက် သူမ အသားကုန် ရုန်းထွက်သည်။ သူမ၏ ကလေးအရွယ် ကိုယ်လုံးသေးသေးလေးသည် သူမ အဖေ၏ လူကြီး ကိုယ်အား မတွန်းလှန်နိုင်။ မမျှသော အင်အားကို ကြည်သာ အပြစ်ဆို ချင်သည်။ ထို့နောက်တွင်ကား ကြည်သာ သည် ထိုလူ၏ အထိအတွေ့ အပြုအမူ များကြားတွင် အရုပ်ကြိုးပျက် ဖြစ်သွား၏။ နာကျငိခံခက်သော ဝေဒနါ။ စူးအောင့်သော ခံစားချက်၊ ရှက်ရမည်ဟူသောအသိ ။ ထိုထိုသော အခြင်းအရာများ အားလုံးကို ကြည်သာ ခံစားသိရှိနေရပြီ။ကြည်သာသည် မျက်နှာကျက်ကိုသာ ငေးကြည့်မိနေသည်။ အစိမ်းရောင်အရည်တို့သည် မျက်နှာကျက်ပေါ်မှ သူမ မျက်နှာထဲ စီးကျ လာသည်။ အစက တစ်စက်ချင်း၊ နောက်တွင် တရဟော မပျက်သော စီးခြင်းဖြင့်။ သူမ ကိုယ်ကို ဖိထားသူ သည်လည်း အစိမ်းရောင် ဖြစ်လျက် သူမအား စိမ်းညစ်သော သွားများဖြင့် ပြုံးရယ်ပြနေသည်။ ကြည်သာ့ ကိုယ်လုံးလည်း အစိမ်းရောင် အကွက်အကွက်များ ဖြစ်နေရာမှ တစ်ကိုယ်လုံး အစိမ်းရောင် ပြည့်သွား၏။ ကြည်သာ အော်ဟစ်၏။ သို့သော် မအော်နိုင်။ အော်၍ မရ။ အသံလည်း မထွက်။ ကြည်သာ တအားကုန်ရုန်းကန်နေကာ ပြေးထွက်သည်။ အိမ်ပေါ်သို့ ပြေးတက်သည်။ မြေအောက်ခန်းကြီးကို စွန့်ခွာချင်လှပြီ ။ ကြည်သာ ပြေးတက်နေရင်းပင် လှေကားသည် ရှည်သည်ထက် ရှည်လာ၏။ အထက်သို့ မရောက်နိုင် ဖြစ်နေသည်။ ကြည်သာ မောဟိုက်၍ လာပြီ။ ပင်းပန်း၍ လာပြီ။ နောက်ဆုံးတွင် ကြည်သာ့အား အစိမ်းရောင်လူကြီးမှ သူမအား ဖမ်းမိ၍ သွားလေသည်။