တစ်လရှိပြီ Gem နဲ့ ခင်မင်ရင်းနှီးခဲ့တာ..
ငါ Gemရဲ့ကွန်ဒိုအခန်းကို တစ်ခါမျှမရောက်ဖူးသလို
Gemကလဲ မဖိတ်ခေါ်ပါ..တစ်လအတွင်းမှာ Gemအကြောင်းပိုသိလာတယ်လို့ငါယူဆရမလားပဲ..Gemသည် လူငယ်သဘာဝအတိုင်း မိန်းကလေးတွေနဲ့တွဲတယ် ရှုပ်တယ်..ငါလက်ခံပေးလို့ရတယ်..ငါ့မှာသဝန်တိုပိုင်ခွင့်လဲမရှိသလို မကြိုက်ဘူးလို့လဲ
ပြောခွင့်မရှိဘူး ငါမှမပိုင်တာ..တစ်လအတွင်းမှာ ကိုယ့်ကိုကိုယ်လဲ ပြန်မေးကြည့်မိပါရဲ့..။ တကယ်ပဲ ခံစားချက်ရှိနေတာလားဆိုပြီး..
သေချာသွားပြီထင်ပါရဲ့..ဒါပေမယ့်..ဖွင့်ပြောမလား
ဆိုရင်တော့ ဟင့်အင်းပါပဲ..ဖွင့်ပြောရင် ပိုပြီး
နာကျင်ရမလား မသိနိုင်ဘူးလေ..ဒီတိုင်းပဲ
မျိုသိပ်ထားလိုက်တာက အကောင်းဆုံးပဲဖြစ်လိမ့်မယ်အခုအလုပ်ကိစ္စကြောင့် ချင်းမိုင်ကို တစ်ပတ်လောက်
သွားရမယ်..အခုလိုအပ်သည့် ပစ္စည်းတွေကို
ငါထုပ်ပိုးနေသည်..။ ချင်းမိုင်ကို သွားရမယ်လို့
ငါ Gemကို ပြောမပြထားပါ..ထိုကလေးသည်..
နေရာတကာလိုက်သည်..မလိုက်ပါနဲ့ အလုပ်ကိစ္စနဲ့
ဆိုလည်းမရပါ..သူမပါရင်ဘယ်မှမသွားရဘူး
ဆိုပြီးတော့ အရင်တစ်ခေါက်က ပတ္တရားဘက်ကို
ခနသွားတုန်းက ပြောဖူးတယ်..။ဒီတစ်ခေါက်လည်း သိရင် အတင်းလိုက်ဦးမှာမလို့
တိတ်တိတ်လေး ပြင်ဆင်နေသည်သာဖြစ်တယ်..။
ထည့်စရာရှိသည့် ပစ္စည်းတွေကထည့်ပြီး ညစာ
လုပ်ဖို့အတွက် မီးဖိုချောင်ထဲဝင်ချိန်မှာ တံခါးမကြီး
ပွင့်လာသည်..။ အထူးတလည်ကြည့်မနေတော့ပါ
တံခါး pw ကို သိတာ ထိုကလေးပဲရှိသည်..။
စလာသည်နှင့် ဆေးလိပ်နံ့ဟာ နှာခေါင်းထဲ
ဝင်လာခဲ့သည်...။အခန်းထဲမှာဆေးလိပ်မသောက်ဖို့ပြောပေမယ့်လည်း
ထိုကလေးသည်ပြောမရပါ တစ်စွတ်ထိုးဆန်လွန်း
သည်..။" ဘာလုပ်နေတာလဲအစ်ကို.."
အစ်ကို..အင်း ငါသည်သူ့ထက်အသက်အများကြီး
ကြီးတာကြောင့် ခေါ်သည့်အခါတွင် အစ်ကို လို့
ခေါ်ဟုပြောထားခြင်းကြောင့်ဖြစ်သည်..။
ဒါလေးတော့ နားထောင်ရှာပါတယ်..
YOU ARE READING
Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}
Fanfiction" ဝေးဝေးသွားစမ်း cigarettes နံ့တွေ မွှန်ထူနေတာပဲ " / Fourth Nattawat / " ခင်ဗျားရဲ့ စတော်ဘယ်ရီအရသာ နှုတ်ခမ်းလေးကို သဘောကျတယ် " / Gemini Norawit/