Part-13

806 69 4
                                    

ချင်းမိုင်မှာ တစ်ပတ်နီးပါးလောက်နေပြီး ငါတို့
ဘန်ကောက်ပြန်လာခဲ့ကြတယ်..ဘန်ကောက်‌
ရောက်သည်နှင့် ပုံမှန်အတိုင်းပါပဲ..‌မောင်သည်
ညဘက်တိုင်း ကလပ်သွား ဘားတက်သည်..။
တစ်ခါ‌တစ်လေ မောင့်ကိုစောင့်ရင်း
မအိပ်ရ‌တဲ့ ရက်တွေလဲရှိသည်..။ အပြစ်မမြင်သလို
တစ်ခြားအတွဲတွေလို ပြဿနာလဲ ရှာမနေပါဘူး..။
အရာရာ ခွင့်လွှတ်နားလည်ပြီးသား..။

ပိတ်ရက်တွေမှာဆိုရင်တော့ မောင်သည် ငါ့ဘေးမှာ
တစ်နေကုန်နေပေးသည်..။ ကုမ္ပဏီကနေ
အိမ်ကိုပြန်တိုင်းလဲ အမြဲတန်းလာကြိုပေးသည်..။
ဒါကတော့ မောင်ငါ့ကို အမြဲတမ်းလုပ်ပေးသည့်အရာပင်..။ တစ်ခါ‌တစ်လေ ကုမ္ပဏီက ပြန်သည်က
နောက်ကျသည်..။ ထိုအချိန်တွေ ဆိုရင်တော့
မောင်သည် ကလပ်သွား ဘားတက်ကို မလုပ်တော့ပါ..။
မောင်သည် ဘေးအခန်းကို ဝယ်ထားပါရဲ့နဲ့..
တစ်ချိန်လုံး ငါ့အခန်းမှာကြီးပဲ..အိပ်တာကအဆုံး..။

ဒီနေ့လဲ ည၁နာရီကျော်နေပြီလေ..မောင်ဟာ
ပြန်မရောက်သေးပါ..ပြန်ရောက်ရင်လည်း
စစ်ဆေးတာတွေ မလုပ်ချင်ပါဘူး..
ငါမောင့်ကို အပြည့်အဝယုံကြည်ပြီးသား..။

မောင့်ကိုစောင့်ရင်းပင် ရုပ်ရှင်အားကြည့်နေလိုက်သည်..။
အိပ်မငိုက်အောင်လည်း ဘေးမှာ ကော်ဖီတစ်ခွက်က
အဆင်သင့်ပင်..။ ကော်ဖီသောက်လေ့ သောက်ထိ
မရှိသော်လည်း ဒီလိုမျိုးဆိုရင် မဖြစ်မ‌ေန
သောက်ရမယ်မလား..။

" မောင်ပြန်ရောက်ပြီ.."

‌ကြားလိုက်ရသည့် မောင့်အသံကြောင့်
မျက်လုံးတွေ လင်းလက်သွားသည်မှာ
အမှန်ပင်..။ မောင့်အနားအားသွားတော့
အရက်နဲ့မရ‌တာကြောင့် သောက်တော့
မသောက်ခဲ့ဘူးပဲလို့ ငါယူဆလိုက်သည်..။

" စောင့်နေပြန်ပြီပေါ့ မစောင့်ပါနဲ့ဆို..
မျက်နှာလှလှလေးမှာ မျက်ကွင်းတွေနဲ့ဆို
ဘယ်ကြည့်ကောင်းမလဲ.."

" မျက်ကွင်းညိုရင် မောင်ကမချစ်တော့ဘူးလား.."

" ဘယ်လိုနေနေ ချစ်တယ်ကိုယ့်စတော်ဘယ်ရီလေး.."

ပြောရင်းပင် ခါးကနေဆွဲချီလိုက်တဲ့မောင့်ကြောင့်
ငါသဘောကျစွာရယ်မိသည်..။ နှုတ်ခမ်းသားကို
ဖိကပ်လာသည့် မောင့်နှုတ်ခမ်းပါးလေးတွေ..။
ချီလျက်သားပင် နမ်းရှိုက်ခဲ့ရကြသည်..။

Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}Where stories live. Discover now