Sapporo မှာရှိတဲ့ နှစ်ရက်အတွင်း ငါအရမ်းပျော်ခဲ့ရတယ်..။ မောင်သည် ငါ့ကို အများကြီးဂရုစိုက်တယ်..။
အဲ့တာကြောင့်မို့လို့ပဲထင်ပါရဲ့..။ Sapporo ကနေတစ်ဆင့် Tokyo မှာရှိတဲ့ Disney land မှာ
လည်ပတ်ချင်တာကြောင့် ထိုင်းကိုမပြန်သေးပဲ
Tokyo ကိုဆက်ပြီးဦးတည်လိုက်တယ်..။Sapporo လေဆိပ်ကနေတစ်ဆင့် Tokyo ထိကို
တစ်နာရီကျော်ကျော် လေယာဉ်စီးပြီး နောက်ဆုံး
တည်းမဲ့ဟိုတယ်ဆီရောက်ခဲ့တယ်..။ ဟိုတယ်သည်
Disney land ဧရိယာနားမှာပဲရှိတာကြောင့်
သွားရင် အဝေးကြီးသွားစရာမလိုတော့ဘူး..။" ပျော်လား.."
ရောက်တာနဲ့ ဟိုတယ်မှာ ခဏအနားယူနေစဉ်
မောင်သည် သူ့ရဲ့အကျင့်လေးအတိုင်း
အနောက်ကနေသိုင်းဖက်ပြီး စကားဆိုလာသည်..။" အွန်းပျော်တယ် မောင်နဲ့တူတူမို့လို့ထင်တယ်.."
" ကုမ္ပဏီကအလုပ်ကို စိတ်မပူဘူးလား.."
" P'Markကိုင်တွယ်ပါလိမ့်မယ်
အလုပ်တွေပဲလုပ်နေရင် မောင်မကြိုက်ဘူးမလား
အခုမောင့်ကိုအချိန်ပေးနေတာလေ.."" ဟုတ်ပါပြီ မောင့်စတော်ဘယ်ရီကောင်လေး.."
မောင်နဲ့ချစ်သူမဖြစ်ခင်ထဲက မောင်ပေးခဲ့တဲ့
နာမည်ပြောင် ချစ်သူဖြစ်ပြီးတဲ့နောက်ပိုင်း
အစ်ကိုဆိုပြီးအစားထိုးပြောင်းခေါ်ပေမယ့်လည်း
အစ်ကိုဆိုတာထက် စတော်ဘယ်ရီကောင်လေးဆိုတာကို
ပိုပြီး သဘောကျမိတယ်..။အမှန်တိုင်းပြောရရင် ပြန်တောင်မပြန်ချင်ပါ..။
ဒီမှာပဲအိမ်ဝယ်ပြီး တစ်ခါထဲတူတူနေလိုက်ချင်မိတယ်..။
ဘန်ကောက်ပြန်ရောက်ရင် ပျော်ရွှင်စရာလေးတွေ
မရှိတော့မှာကို ငါမလိုချင်ဘူး..။မောင်သည် အခုငါ့ကိုဂရုစိုက်ပေးတယ်..။ ချိုသာတယ်..။
ချစ်ပေးတယ်..။ကြင်နာတယ်..။
ဒါတွေအားလုံးက ဘန်ကောက်ရောက်ရင် ပျက်ပြယ်
သွားမှာကို ငါကြောက်မိတယ်..။ဒါပေမယ့်
ငါမောင့်ကိုအပြည့်အဝယုံကြည်တယ်..။ညနေစောင်းတာနဲ့ Disney land သွားဖို့
ပြင်ဆင်နေပြီလေ..။ Micky mouse themeဖြစ်တဲ့
အနီရောင် sweater လေးနဲ့ အနက်ရောင်
Jean pantလေးကို ဝတ်ဆင်လိုက်သည်..။
ကြိုးအရှည်နဲ့ အိတ်ပိစိလေးကိုလည်း
Crossပုံစံလွယ်လိုက်သည်..။ ပုံမှန်မြင်နေကြ
မဟုတ်တဲ့ style လို့ထင်မိတယ်..။ အများစုက
ကုမ္ပဏီမှာပဲဆိုတော့ အနောက်တိုင်း suitတွေ
အဝတ်များသည်..။ အိမ်မှာနေရင်လည်း
T shirt အပွကြီးတွေ ဝတ်တက်တာမို့
ဒါလေးကတော့ ကွဲပြားနေမှာအသေချာပဲ..။
YOU ARE READING
Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}
Fanfiction" ဝေးဝေးသွားစမ်း cigarettes နံ့တွေ မွှန်ထူနေတာပဲ " / Fourth Nattawat / " ခင်ဗျားရဲ့ စတော်ဘယ်ရီအရသာ နှုတ်ခမ်းလေးကို သဘောကျတယ် " / Gemini Norawit/