Part-19

743 70 2
                                    

နည်းနည်းလေးနေမကောင်းဖြစ်လိုက်တာနဲ့
မောင်သည် ကုမ္ပဏီကို သုံးရက်တိတိမသွားခိုင်းပါ..။
ဒီနေ့မှ ငါကုမ္ပဏီပြန်သွားမည်..။ အလုပ်တွေကိုလဲ
P'mark တစ်ယောက်ထဲ ဦးစီးပြီး လုပ်နေရတာ
အားနာလာပြီ..။

" သွားရအောင်မောင်.."

" အွန်းသွားမယ်.."

ပုံမှန်တိုင်းပဲ မောင်သည် ငါ့ကိုကုမ္ပဏီလိုက်ပို့သည်..။
ငါိအိမ်မှာရှိတဲ့ သုံးရင်လုံးမှ မောင်သည် ဘယ်မှမသွားပဲ
ငါ့ကိုဂရုစိုက်သည်..။

" မနက်စာမစားရသေးဘူးမလား ကော်ဖီဆိုင်တစ်ဆိုင်မှာ
တစ်ခုခုဝင်စားရအောင်.."

" ‌မောင့်သ‌ဘော.."

ကားမောင်းနေသည့်သူကို ဘေးကနေ နေပြီး
ချစ်ဖို့ကောင်းအောင် လုပ်ပြနေသည်..။ ဖတ်ပြီး
နမ်းပစ်လိုက်ချင်ပေမယ့်လည်း ကားမောင်းနေသည်မို့
မဖြစ်သေးပါ..။

မောင်းနေရင်းနဲ့ပင် ကော်ဖီဆိုင်လေးတစ်ဆိုင်
တွေ့တာကြောင့် ခဏတဖြုတ်ထိုင်ရန် ကားပါကင်အား
ထိုးလိုက်သည်..။

" ဘာများသုံးဆောင်မလဲရှင့်.."

" စတော်ဘယ်ရီကိတ်နဲ့ hot milk လေးပေးပါ..
မောင်ရော.."

" သူမှာတဲ့အတိုင်းပဲပေးပါ.."

အမြဲတမ်းမောင်နှင့်အတူတူ ဒီလိုမျိုးဆိုင်တွေထိုင်တိုင်း
မောင်သည် ငါမှာတဲ့အတိုင်းအလိုက်မှာသည်..။
ဘာကြောင့်လဲမသိပေမယ့် သဘောကျမိတယ်..။

" အလုပ်တွေအရမ်းမလုပ်နဲ့နော်..ခေါင်းမူးရင်
ဖုန်းဆက် လာခေါ်မယ်.."

" အွန်းပါ သိပါတယ်.."

သုံးရက်အတွင်းမှာ အတော်လေးဂရုစိုက်သည့်
မောင့်ကြောင့် ငါမောင့်အပေါ် ပိုပြီးတွယ်တာမိလာသည်..။
အလွန်အကျူးမဖြစ်အောင်တော့ ဂရုစိုက်ရမယ်
ထင်ပါရဲ့..။ သံယောဇဉ်ကြိုးတွေဟာ မသိနိုင်တဲ့
တစ်ချိန်ကြရင် ဖြတ်ရခတ်လွန်းပါရဲ့..။

"  Gemini လားမသိဘူးရှင့်.."

နှစ်ယောက်တူတူရှိတဲ့အချိန်တွေဆို မိန်းမပျိုလေး
တစ်ယောက်ယောက်ကတော့ ရောက်လာတက်တယ်..။
ကမ္ဘာကြီးက အဲ့လောက်တောင် ကျဉ်းရဲ့လား..။
မောင့်အနားကို ရောက်လာသည့် မိန်းမပျိုလေးဟာ
တကယ့်ငယ်ငယ်လေးဆိုပေမယ့် ဝတ်စားထားပုံက
အလွန်ပင် အမြင်မတော်လှပါ..။ အသက်အရွယ်အရ
ခန့်မှန်းကြည့်မယ်ဆိုရင် မောင့်ထက်တောင်
ငယ်အုန်းမယ်ထင်ပါရဲ့..။ ဒါလဲ ဘယ်သူပါလဲ
မောင့်ရဲ့ဇယားတွေထဲက တစ်ယောက်ပဲလား..

Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}Where stories live. Discover now