Part-11

811 75 7
                                    

Laptop ဖြင့်အလုပ်ရှုပ်နေရင်းပင် မှန်ပြတင်းပေါက်
အပြင်ဘက်အားလှမ်းပင်ကြည့်လိုက် မှောင်နေပြီလေ..။
အလုပ်တွေကို လက်စသတ်လိုက်ပြီး Laptopအား
ပိတ်ကာ အခုချိန်ထိ ဝရန်တာပဲ ရှိနေတဲ့ Gemအနားကို
သွားလိုက်သည်..။

" အလုပ်ပြီးသွားပြီလား.."

" အင်းပြီးပြီ.."

" တော်ပါသေးရဲ့ ဒီနေ့ပြီးပါ့မလားလို့.."

Gemသည် ဆေးလိပ်လေးသောက်လိုက် ဖုန်းလေးကြည့်လိုက်ပင် တကယ်ကိုလွတ်လပ်ပြီး ပျော်ပါးနေသည့်
လူငယ်တစ်ယောက်..။ Gemအသက်အရွယ်တုန်းကဆို
စာတွေ ပညာတွေနဲ့ လုံးပမ်းနေရသည်မို့ ဒီလိုမျိုး
လွတ်လပ်ပျော်ပါးခွင့်အချိန်ဟာ မရှိခဲ့ပါ..။

" အများကြီးမသောက်နဲ့ ကျန်းမာရေးထိခိုက်မယ်.."

" ဒါကိုလား.."

မီးညှိကာလက်ကြားထဲညှပ်ထားသည့် ဆေးလိပ်ကို
ရှေ့သို့ ထုတ်ပြကာ ပြန်မေးလာသည်..။

" အင်းဟုတ်တယ်.."

" လူဆိုတာ သေမျိုးပဲဟာ.."

" မှန်ပါတယ် ဒါပေမယ့် မင်းက ငယ်သေးတယ်လေ.."

" သောက်ကြည့်.."

ဆေးလိပ်အားရှေ့ထိုးပြကာ အ‌နည်းငယ်
မြည်းစမ်းကြည့်ရန် ပြောလာသည်..။
တကယ်ပင် ကြောင်အသွားသည်..ဘယ်လို
စိတ်ကူးမျိုးနဲ့ပါလဲ..

" မသောက်ဘူး.."

" ကောင်းတာကို မသိသေးလို့ပါ.."

ထပ်ပြီးသောက်ဖို့လုပ်နေတုန်းမှာ လက်ထဲက
ဆေးလိပ်အား ဆွဲယူလိုက်ပြီး မီးငြိမ်းသတ်လိုက်သည်..။.ထိုကောင်လေးသည် ဆူပုတ်သွားသည်..။

" ဟိုဟာကြည့်အုံး ဗူးခွံတွေ များနေပြီတော်တော့.."

စားပွဲပေါ်မှာ တင်ထားသည့် ဆေးလိပ်ဗူးခွံတွေအား
လက်ညိုးထိုးပြလိုက်သည်..။ ဒီလိုမှမလုပ်ရင်
ဆက်ပြီးသောက်‌နေအုံးမှာပဲ..

" စိတ်ပူတာလား.."

"ဘာကိစ္စနဲ့ စိတ်ပူရမှာလဲ မပူပါဘူး.."

စိတ်ပူသလို စိုးလဲရိမ်ရပါသည်..။ ဘယ်လောက်ပဲ
ကြမ်းတမ်း‌‌နေပါစေ ကိုယ့်လက်ထဲမှာဆိုရင်တော့
အနုဖက်ဆုံးဖြစ်အောင် ထားချင်ပါတယ်..။

Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}Where stories live. Discover now