part-15

770 73 2
                                    

မောင်သည် အတ္တကြီးလွန်းပါရဲ့..။ မောင်သည်
ငါ့အပေါ် သူ့စိတ်ကြိုက် သဝန်တိုသည်..။
ချုပ်ချယ်သည်..။ စိတ်ဆိုးစိတ်ကောက်လုပ်သည်..။
ဒါပေမယ့်..ငါ့ဘက်က သဝန်တိုခွင့်မရှိသလို
ချုပ်ချယ်ခွင့်လဲ မရှိခဲ့ဘူး..။ ရွေးချယ်မှုသည်
မှားတာလား မှန်တာလား ငါမသဲကွဲပါ..။
_______________________

လကုန်ရက်နီးပြီးမို့လို့ အလုပ်ထဲခေါင်းပုံနစ်
ထားရသည်..။ ညဘက် အိမ်ကိုလဲ ပုံမှန်
၆နာရီထက်နောက်ကျပြီး ရောက်တာက
လကုန်ခံနီးဆိုပုံမှန်ပင်..။ လစာစာရင်းတွေ
တစ်လလုံး အသုံးပြုထားသည့် စာရင်းတွေကို
သေချာပြန်စစ်ရသည်..။ ဝန်ထမ်းတွေ
စစ်ပြီးသွားပေမယ့်လည်း တန်ဖိုးမရှိလှပါဘူးဆိုတဲ့
သုညလေးတစ်လုံးတောင် အပိုခံလို့မရပါ..။

စာရွက်တွေထဲ ခေါင်းပုံနစ်ထားရင်း ဖုန်းဖြည်သံအား
ကြားမိပါရဲ့..။ မောင် ခေါ်သည်ဟု မထင်သောကြောင့်
ငါအလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်..။ စာရင်းစစ်
ပြီးမှ အိမ်ပြန်ရမှမဟုတ်လား..သောက်‌ေလ့သောက်ထ
မရှိပေမယ့် အိပ်ချင်ပြေအောင် ဘေးကနေကော်ဖီတစ်ခွက်နဲ့စတော်ဘယ်ရီသကြားလုံးဟာလဲ အဆင်သင့်ပင်..။

နာရီလက်တံဟာလည်း တစ်ရွေ့ရွေ့နဲ့
လှုပ်ရှားနေသည်..။ အိပ်ပြန်ချင်ပါသည်..
ငါမောင်နဲ့တွေ့ချင်ပြီလေ..။ ဒါပေမယ့်
မပြီးပြက်သေးသည့် အလုပ်တွေကို အိမ်မသယ်
ချင်တာကြောင့် ပြီးပြက်အောင် လုပ်ရမယ်..။

* ခလောက်..*

တံခါးဖွင့်သံကြောင့် စာရွက်ပုံထဲခေါင်းနစ်ထားရာကနေ
မော့ကြည့်မိတော့ မောင်ပင်..။ ဘယ်လိုလုပ်ပြီး
ဒီအထိလိုက်လာရတာပါလဲ..။‌ မောင့်ပုံစံသည်
အသည်းအသန်ဖြစ်နေပြီး..အနည်းငယ်
မောနေသည်..။ အခုနောက်ပိုင်း
မောင်သည်..ငါနဲ့ကုမ္ပဏီကို လိုက်လာသည်က
ခပ်ရှားရှား အကြိုအပို့လောက်ပင်..။

" ဘယ်လိုရောက်လာတာလဲမောင်.."

" ဖုန်းခေါ်တာ ဘာလို့မကိုင်တာလဲ.."

ဖုန်းခေါ်တယ်ဆိုတာကြောင့် သတိရမိတာ
စောနက ဖုန်းမြည်သံ..။ အဲ့တာမောင်ခေါ်တာပေါ့..။

" မောင်မှန်းမသိလို့ပါ..ငါအလုပ်ရှုပ်.."

" တစ်ချိန်လုံး ဒီစာရွက်တွေနဲ့အချိန်ကုန်မနေနဲ့..
အချိန်ကိုလဲကြည့်ဦး ဘယ်နှစ်နာရီရှိပြီလဲ!!.."

Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}Where stories live. Discover now