Part-26

994 88 8
                                    

5နှစ်ကြာသောအခါ..

အနောက်တိုင်းဆန်ဆန် အုတ်မြစ်တွေနဲ့ကာရံ
ဆောက်လုပ်ထားသည့် နှစ်ထပ်တိုက်ကလေးထဲမှာ..

" ပါး‌ပါ‌ရေ.."

အသံဆာဆာလေးနဲ့ အိမ်ထဲဝင်လာတဲ့ ကလေးလေး
တစ်ယောက်..။ အနောက်မှာလဲ အမျိုးသမီးတစ်ယောက်ဟာလည်း လိုက်ပါ‌လာသေးရဲ့..။

" ပျော်ခဲ့လား ပါးအချစ်ကလေး.."

" ဟုတ်..ပါးပါး ရေခဲမုန့်တွေစားခဲ့တယ်.."

သမီးလေးရဲ့ ရေခဲမုန့်စားခဲ့တယ်ဆိုတဲ့ စကားကြောင့်
ဘေးနားမှာရပ်နေတဲ့ ညီမဖြစ်သူကို လှမ်းကြည့်လိုက်တော့ သူကစပ်ဖြီးဖြီးနဲ့ ပြုံးပြလေသည်..။

" Front သမီးကို ရေခဲမုန့်မကျွေးနဲ့လို့
မှာလိုက်တယ်မလား.."

" သူကစားချင်တယ်ဆိုလို့လေ floral နင်ပြောတော့
အစ်ကို့ကို ပြန်မပြောပါဘူးဆို.."

" ဟင် ဒေါ်လေးကလဲ သမီးမပြောမိပါဘူး အဲ့လို.."

" နင်တွေ့မယ်ငါနဲ့.."

ထုံးစံတိုင်း ညီမဖြစ်သူနဲ့ သမီးဖြစ်သူဟာ အိမ်ကို
ပတ်ပြေးနေပြီလေ..။Frontနဲ့သမီးဟာ
ကြောင်နဲ့ကြွက်ပင်..။ တစ်နေ့တစ်‌နေ့အိမ်မှာ
သူတို့နှစ်ယောက်အသံတွေကြီးပဲ ဆူညံနေတယ်..။
Frontသည်လည်း သမီးနဲ့ဆို သူက အကြီးပေမယ့်
ငါနဲ့ဆို အငယ်ဖြစ်တာကြောင့် သူကလဲ သမီးနဲ့
အပြိုင်ပင်..။

အချိန်တွေကုန်တာက
မြန်လွန်းတယ်..ဘာလိုလိုနဲ့ လန်ဒန်မြို့ကို
ခြေချခဲ့တာ၅နှစ်တောင်ကြာခဲ့ပြီ..။
ငါသမီးလေးကို တစ်ယောက်တည်း ကြိုးစားပြီး
လူ့လောကထဲရောက်အောင်မွေးထုတ်နိုင်ခဲ့တယ်..။
အခုဆို သမီးဟာ ၄နှစ်ရှိနေပြီလေ..။ သမီးကို
Fနဲ့စတဲ့နာမည်လေးဖြစ်တဲ့ floral ဆိုတာ‌လေးကို
ပေးခဲ့တယ်..။

ကုမ္ပဏီရော ပရောဂျက်ကိုပါ ငါp'markကို အကုန်
လွှဲပြောင်းပေးခဲ့တာ..။ P'mark အကောင်းဆုံး
လုပ်ဆောင်နေမယ်လို့ ငါယုံကြည်‌တယ်..။ အဘိုးကတော့
ဆုံးပါးသွားတာ ၃နှစ်ရှိပြီလေ..။ စစချင်းတော့
ငါ့ကိုဆူတာပေါ့..ဒါပေမယ့် ဆူလဲခဏပါပဲ..
နောက်တော့ အဘိုးလဲ ငါ့ကိုနားလည်ပေးခဲ့တယ်..။

Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}Where stories live. Discover now