Part-3

938 68 1
                                    

ဓာတ်လှေကားထဲဝင်တော့မဲ့ ထိူသူရဲ့ လက်ကို မဝင်ခင်
အမှီလှမ်းဆွဲလိုက်တော့..အနည်းငယ်လန့်သွားပုံရသည်..
တုန်တက်သွားတာ

" မင်း!!.."

" ဟယ်လို.."

ဘယ်လိုရန်‌ငြိုးတွေရှိလို့ ဒီကောင်နဲ့ လာတွေ့နေရတာလဲ..
ဒါမှမဟုတ် ငါ့နောက်ကို ခြေရာခံလိုက်လာတာများလား..
ထူးဆန်းတဲ့ကောင်..

" မင်း‌ငါ့နောက်ကိုလိုက်တာလား.."

" အင်းဟုတ်တယ်.."

လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ထားပြီး
နံရံကိုမှီကာ ပြန်ဖြေတဲ့ ပုံစံကအစ အမြင်ကပ်စရာ..

" မင်းနဲ့ငါ ဘာရန်ငြိုးရှိလို့လဲ.."

" ဟင့်အင်းမရှိပါဘူး.."

‌စ‌တော်ဘယ်ရီကောင်လေးဟာ..တော်တော်လေး ‌
ဒေါသထွက်နေပုံရတယ်..ဒါပေမယ့် ဘယ်လိုပဲ
နေနေ ချစ်ဖို့ကောင်းနေတာတော့ ခတ်သား..
၂၇နှစ်ဆိုပေမယ့် မျက်စိထဲမှာ သုံးနှစ်သားလေး
အတိုင်းပဲ..

စတော်ဘယ်ရီကောင်လေးဟာ ဘာစကားမှ
ပြန်လည်ဖြေဆိုချင်းမရှိပဲ..ဓာတ်လှေကားအား
စောင့်နေလေသည်..။ ဓာတ်လှေကား ရောက်လာသည်နှင့်
အမျှ ဓာတ်လှေကားထဲအား အလျင်အမြန်ပင်..
ဝင်သွားတာကြောင့်..ငါပါ လျင်မြန်စွာ လိုက်ဝင်ဖို့
လုပ်လိုက်ပင်မဲ့ အနီးအနားမှာ ရှိတဲ့ လုံခြုံရေး
ဦးလေးကြီးက ငါ့အားတားဆီးလေသည်..။

" ကဒ်မရှိရင် ဝင်လို့မရပါဘူး.."

" ချီးပဲ.."

လုံခြုံရေးဦးလေးကြီးရဲ့ ပြောစကားကြောင့်..
ဆဲဆိုနေသည့်ကောင်လေးအား..တစ်ချက်ပင်..
လှမ်းကြည့်ပြီး..နှုတ်ဆက်စကားဆိုလိုက်သည်..။

" ‌ကြိုစားလိုက်ပါဦးကောင်လေး.."

ဘာမှလုပ်မရတော့တာကြောင့် ဆိုင်ကယ်ရှိရာကိုသာ..
ပြန်လျှောက်လှမ်းပြီး..ဆိုင်ကယ်တစ်စီးနဲ့ မြို့ပတ်ဖို့
စဉ်းစားလိုက်သည်..။

ဘန်ကောက်မြို့တစ်မြို့လုံးမှာ ရှိတဲ့ မီးနီတွေ
အကုန်လုံးကို ဖြတ်ကျော်ပြီး မောင်းလာခဲ့တယ်..။
ဆိုင်ကယ်မောင်းနေရတာဟာ ငါ့ရဲ့စိတ်ထွက်ပေါက်..
တစ်ခုလိုပဲ..လွတ်လပ်တယ်လို့ ခံစားရတယ်..

Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}Where stories live. Discover now