ချစ်သူစဖြစ်တဲ့ ပထမဆုံးနေ့..
မနေ့ကပုံရိပ်တွေဟာ မမေ့နိုင်တဲ့ အမှတ်တရအဖြစ်
ကျန်ရစ်ခဲ့မယ်ထင်ပါရဲ့..။ အိမ်မက်အလားလို့
ထင်မိခဲ့တာ..Gemသည် တကယ်ကြီး ငါ့အား
ဖွင့်ပြောခဲ့တယ်..ငါ့ဘက်ကပဲ ခိုးပြီးချစ်မိနေတာ
မဟုတ်ဘူးပဲလို့လဲ တွေးလိုက်မိတယ်..ရှေ့လျှောက်လဲ
ပျော်စရာအမှတ်တရတွေပဲ ရှိမယ်လို့ ငါမျှော်လင့်တယ်" မောနင်း ကိုယ့်စတော်ဘယ်ရီလုံးလေး.."
" မောနင်း gem.. "
အိပ်ရာကထသည်နှင့် အနောက်ကနေ သိုင်းဖတ်လာပြီး
ဂုတ်ပိုးအား နမ်းရှိုက်လာတာကြောင့် အနည်းငယ်
ရယ်မိသည်..။" နောက်တစ်မျိုးခေါ်ကြည့်ပါလား.."
" ဘာကိုလဲ.."
" Gemဆိုတာကိုလေ.."
ခေါ်နေကြဖြစ်တဲ့ Gemဆိုသည့် အမည်နာမအား
နောက်တစ်မျိုးပင် ပြောင်းခေါ်ခိုင်းသည်...။
ဘယ်လိုခေါ်ရမလဲ စဉ်းစားပေမယ့် ဦးနှောက်ထဲမှာ
ဗလာပင်.." မောင် လို့ခေါ်.."
ထိုအမည်နာမကြောင့် ငါအနည်းငယ်ရှက်သွေးဖြာမိသည်..။ ဘယ်လိုမျိုးခေါ်ရပါမလဲ..
" မခေါ်ချင်ပါဘူး.."
" မရပါဘူးနော် ချစ်ရင်ခေါ် ကြားချင်လို့.."
" မောင်.."
အရှက်သည်းစွာပင် အသံခပ်ဖွဖွဖြင့်ပဲ ခေါ်ဆိုမိလိုက်သည်..။
မောင် ဟု အရှက်သည်းစွာခေါ်လိုက်တဲ့အသံလေးကအစ
ချစ်ဖို့ကောင်းလွန်းလို့ ဘယ်သူမှမတွေ့အောင် ငုံထား
ပစ်လိုက်ချင်တယ်.." ထပ်ခေါ်ကြည့်ပါအုံး.."
" တော်ပြီလေ Gem.."
* ပြွတ်စ်..*
ရုတ်တရက်ပင် အနမ်းခံလိုက်ရတာကြောင့်
လူသည် ကြောင်တောင်တောင် ဖြစ်သွားတာ
တော့ အမှန်ပင်..။" Gemလို့တစ်ခါခေါ်တိုင်း တစ်ခါနမ်းမယ်
အခြားသူခေါ်တာ ကိစ္စမရှိပေမယ့် အစ်ကိုတော့
" မောင် " လို့ခေါ်ပေး.."Gemခေါ်မိတိုင်း တစ်ခါနမ်းမယ်ဆိုသည့် စကားကြောင့်
လူကြားထဲမှာ အနမ်းမခံရအောင် မောင် လို့ပဲ
ခေါ်မှဖြစ်မယ်ထင်ပါရဲ့..ထိုကလေးသည်
လူအားတအားပင် အပိုင်ချုပ်လွန်းသည်..။
ဒီကလည်း ရုန်းမထွက်နိုင်တာကြောင့်ဖြစ်မယ်..။
YOU ARE READING
Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}
Fanfic" ဝေးဝေးသွားစမ်း cigarettes နံ့တွေ မွှန်ထူနေတာပဲ " / Fourth Nattawat / " ခင်ဗျားရဲ့ စတော်ဘယ်ရီအရသာ နှုတ်ခမ်းလေးကို သဘောကျတယ် " / Gemini Norawit/