" မောင်.."
" အွန်းပြောလေ.."
" ဂျပန်သွားရအောင်.."
ကုမ္ပဏီကအပြန် ညဘက်အားချိန်လေးမှာ
မောင်နဲ့တူတူ တီဗီကြည့်ရင်းပင် ရုတ်တရက်
ဂျပန်သွားချင်လာတာကြောင့် စကားဆိုမိတယ်..။" အစ်ကိုအဆင်ပြေပါ့မလား အလုပ်က.."
" ရပါတယ် အကြာကြီးမနေဘူးလေ.."
ထူးထူးဆန်းဆန်း အလုပ်သရဲလေးအစ်ကိုက
ဂျပန်သွားဖို့ကို အလုပ်ကနေ ခွင့်ယူဦးမှာတဲ့..။
ထီထိုးရတော့မှာလား ထူးဆန်းနေလို့..။" ဘယ်နေ့သွားမှာလဲ.."
" မနက်ဖြန် နေ့လည်ဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ်.."
" ဟုတ်ပြီလေ..မောင်လေယာဉ်လက်မှတ်
ဝယ်ထားလိုက်မယ်.."" အွန်းမောင်.."
ဂျပန်သွားရမယ်ဆိုတာကြောင့် ချက်ချင်းပင်
အခန်းထဲပြေးဝင်သွားပြီး ခရီးဆောင်အိတ်ထဲ
အဝတ်အစားတွေထည့်နေတာကြောင့်
ငါအစ်ကို့ရဲ့ ထိုအပြုအမှုလေးကို သဘောကျကာ
ပြုံးမိသား..။ အစ်ကိုသည်သာ ငါ့ကို အကြိမ်ကြိမ်အခါခါ
ပြုံးရယ်အောင် လုပ်နိုင်တဲ့ တစ်ဦးတည်းသောသူပင်..။မောင်နဲ့အတူတူဂျပန်သွားချင်တဲ့ စိတ်ကူးက
အတော်လေးကို ကြာနေပြီပင်..။ အခုမှပဲ
အကောင်အတည်ဖော်နိုင်တော့တယ်..။
ခရီးတောင်အိတ်ထဲကို အရေးကြီးတဲ့အရာတွေ
အကုန်ထည့်နေတော့တာပဲ..။ စတော်ဘယ်ရီ
သကြားလုံးကတော့ မပါမဖြစ်ပေါ့..။မောင်နဲ့အတူတူမို့လို့ ဒီဂျပန်ခရီးစဉ်လေးက
ပျော်ရွှင်ဖွယ်ကောင်းနေမယ်ထင်တယ်..။နောက်နေ့မနက်ကြတော့ ငါစိတ်လှုပ်ရှားစွာပင်
အစောကြီးနိုးနေမိတသည်..။ မောင်ကတော့
ထုံးစံတိုင်း အိပ်မောကျနေတုန်းပင်..။ မနက်စာကိုလဲ
ထွေထွေထူးထူးမလုပ်နေတော့ပဲ ရေခဲသေတ္တာထဲမှာ
ရှိတဲ့ စတော်ဘယ်ရီသီးတွေနဲ့ နွားနို့တစ်ခွက်ကိုပဲ
သောက်သုံးလိုက်သည်..။မောင့်အတွက်တော့ ရိုးရိုးရှင်းရှင်းပဲဖြစ်အောင်
Fried rice လုပ်ပေးဖြစ်သည်..။ မနက်စာ
အဆင့်သင့်ဖြစ်တဲ့အချိန်မှာ ငါမောင့်ကို
သွားနိုးရမယ်..။
YOU ARE READING
Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}
Fanfiction" ဝေးဝေးသွားစမ်း cigarettes နံ့တွေ မွှန်ထူနေတာပဲ " / Fourth Nattawat / " ခင်ဗျားရဲ့ စတော်ဘယ်ရီအရသာ နှုတ်ခမ်းလေးကို သဘောကျတယ် " / Gemini Norawit/