ဒီနေ့ဟာ Christmas နေ့လေးဖြစ်မယ်..။ Christmas
အချိန်အခါဖြစ်တာကြောင့် လန်ဒန်မြို့ဟာ
နှင်းတွေတဖွဲဖွဲကျနေပြီး ခရစ်စမတ်ပုံစံ
အလှဆင်ထားသည့် အရာတွေနဲ့ ပြည့်နှက်နေသည်..။အစ်ကို့အိမ်မှာပဲငါနေတယ် မပြန်ဘူး..။ ကုမ္ပဏီ
အလုပ်ကိစ္စပြီးသွားပေမယ့်လည်း ငါဒီမြို့မှာ
ဆက်ပြီး နေခဲ့တယ်...။ သမီးနဲ့ငါဟာ အခုဆို
တော်တော်လေး အဆင်ပြေနေပြီ..။သမီးငယ်က
မျက်နှာလေးက အစ်ကိုနဲ့တူပြီး တစ်စွတ်ထိုးဆန်တဲ့
အကျင့်လေးကတော့ ငါ့ဆီက ရတာထင်ပါရဲ့..။" ဒယ်ဒီ ညနေကျရင် လျှောက်လည်ရအောင်.."
" ပါးပါးကိုမေးကြည့်လေ ပါးပါးခွင့်ပြုရင်
သွားကြတာပေါ့.."ပေါင်ပေါ်မှာထိုင်ပြီး ကာတွန်းဇာတ်လမ်းတွဲကို
ကြည့်နေသည့် သမီးငယ်က ချက်ချင်းပင်
ဆင်းပြေးသွားပြီး သူ့ပါးပါးရှိရာ မီးဖိုချောင်ကို
သွားလေသည်..။" ပါးပါး ညနေကြရင် လျှောက်လည်ချင်တယ်.."
" ကျောင်းကပေးထားတဲ့ အိမ်စာတွေ ပြီးပြီလားသမီး.."
" ဟင့်အင်း.."
" အဲ့တာဆို အရင်ပြီးအောင်လုပ်ရမယ်..
အကုန်ပြီးသွားရင် ပါးက လိုက်ပို့ပေးမယ်
ဟုတ်ပြီလား.."" ဟုတ်.."
မီးဖိုချောင်ထဲကနေ ပြေးလာသည့် သမီးငယ်ကို
ငါလှမ်းဖမ်းလိုက်သည်..။" ဘာပြောလဲပါးပါးက.."
" အိမ်စာပြီးရင် လိုက်ပို့မယ်တဲ့.."
" ဟုတ်လား အဲ့တာဆို ဒယ်ဒီနဲ့တူတူ အိမ်စာ
လုပ်ကြမယ်.."သမီးငယ်ကို ငါအိမ်စာကူလုပ်ပေးခဲ့တယ်...။
သိပ်မကြာခင်မှာပဲ အိမ်စာတွေ အားလုံး
ပြီးသွားခဲ့တယ်..။" All done my princess.."
" Because of you daddy.."
" ဟိုနှစ်ယောက် နေ့လည်စာစားမယ်.."
သမီးငယ်နဲ့ စကားပြောနေတုန်းပင် အနောက်ကနေ
ထွက်လာတဲ့ အသံငယ်လေးကြောင့် ငါပြုံးရယ်
မိသွားသည်..။ သမီးရဲ့ လက်ကို ဆွဲပြီး နေ့လည်စာ
စားဖို့အတွက် စားပွဲဆီကို လာခဲ့လိုက်သည်..။
YOU ARE READING
Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}
Fanfiction" ဝေးဝေးသွားစမ်း cigarettes နံ့တွေ မွှန်ထူနေတာပဲ " / Fourth Nattawat / " ခင်ဗျားရဲ့ စတော်ဘယ်ရီအရသာ နှုတ်ခမ်းလေးကို သဘောကျတယ် " / Gemini Norawit/