Part-16

710 68 6
                                    

" နင် ဘယ်လိုဖြစ်နေတာလဲ လွှတ်!!.."

" ငါနင့်ကို အဲ့အကောင်နဲ့မပတ်သတ်နဲ့‌လို့
ပြောထားတယ်လေ.."

ဓာတ်တိုင်မီးအောင်ဝယ် ကောင်လေးနှင့်
ကောင်‌မလေးနှစ်ယောက်သည်..စကားများ
နေကြသည်..။

" တော်စမ်းပါ နင်နဲ့ငါပြီးသွားပြီလေ
ငါ့ဘာ့သာ ဘယ်လိုလုပ်လုပ်ပေါ့.."

" ငါ Gemကို လိုချင်တယ် ငါလုယူနိုင်မှ
ဖြစ်မယ် နင်အသာနေစမ်းပါ.."

ထိုမိန်းကလေး၏စိတ်ထဲ လိုချင်တပ်မက်မှုတွေဟာ
ချိတ်ဆွဲလျက်ပင်..။ နှုတ်ခမ်းနီရဲရဲအား ဆိုးချယ်သ
ထားသည့် နှုတ်ခမ်းတစ်စုံမှာလဲ မဲ့ပြုံးတွေဖြင့်
ပြည့်နှက်နေသည်..။

_______________________

စားသောက်ဆိုင်ကနေ ငါတို့ဘယ်မှမဝင်တော့ပဲ
ကွန်ဒိုကိုပဲ တန်းပြီးပြန်လာခဲ့ကြတယ်..။ တစ်နေကုန်
အလုပ်လုပ်ထားရတာမို့လို့ လူကနွမ်းနယ်ပြီး
ပင်ပန်းနေတာကြောင့် အနည်းငယ်လန်းဆန်း
သွားအောင် ရေချိုးဖို့ပြင်လိုက်သည်..။

" တူတူချိုးရအောင်.."

အမြဲတမ်းလိုလိုမောင်သည် ထိုအချိန်တိုင်း
အနောက်ကနေ သိုင်းဖက်ကာ ဂုတ်ပိုးကို
တစ်ချက်မျှနမ်းပြီး စကားဆိုလာသည်..။

" ဟင့်အင်း မရဘူး.."

" ဘာလို့လဲ.."

မောင်သည် တကယ်ဆိုးလွန်းပါတယ်

" သွားတော့ သွား.."

မောင့်ကို ငါ အသာအယာပဲ တွန်းထုတ်မိပါတယ်..။
အားချင်းမမျှတာကြောင့် ခန္ဓာကိုယ်ကို သိုင်းဖက်
ထားသည့် လက်တစ်စုံဟာ ပြုတ်မထွက်သွားပါ..။

" ဒီတိုင်းရေပဲချိုးမှာပါ.."

" သေချာလား.."

" သေချာတယ်.."

သေချာတယ်ဟု ပြောနေပေမယ့် မယုံရဲပါ..။
မောင့်အကြောင်း နှောကျေနေတာမို့လို့..။
ဆက်ပြီးငြင်းနေပြန်ရင်လည်း ငါပဲရှုံးမှာပင်..။
တစ်ခါထဲပဲ အရှုံးပင်လိုက်သည်..။

အခန်းပြင်က ရေချိုးခန်းထဲဝင်တဲ့အချိန်အထိ‌ မောင်သည်
ဖတ်ထားသည်ကို တစ်စက်လေးမှ မလွှတ်ပါ..။

Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}Where stories live. Discover now