Suicide Diaries [Part 1] U

346 23 11
                                    

"လမ်းခွဲရအောင်... ငါ ပင်ပန်းလှပြီ"

Ji ဆီက ထွက်လာတဲ့ စကားတစ်ခွန်းက မယုံနိုင်စရာ။

"ငါ... ငါ... ဘာအမှားလုပ်မိလို့လဲဟင်။ Ji ပြောပါ။ ငါ ပြင်ပေးမယ်လေ... နော်"

"Lix... ဒီတိုင်း တော်လိုက်ပါတော့။ ငါ မင်းနဲ့ အတူမရှိချင်တော့ဘူး။ အားလုံးနဲ့ပတ်ပြီး သဝန်တိုနေတဲ့ မင်းကို ငါတကယ် မရှင်းပြချင်တော့ဘူး။ ငါ့ဘဝငါတောင် လွတ်လွတ်လပ်လပ်နေခွင့်မရှိမှတော့ ဘာလို့ ဆက်တွဲနေဦးမှာလဲ။ ဒီတိုင်း လမ်းခွဲရအောင်ပါ။ ပြီးရင် ထပ်မတွေ့တော့ပဲ နေကြမယ်လေ"

Ji က ကျွန်တော့်အနားကပ်လာရင်း ခပ်တင်းတင်းပွေ့ဖက်လို့ စကားတစ်ခွန်းကို ဆိုခဲ့တယ်။

"မင်းလည်း မင်းလမ်းမင်းလျှောက်... ငါလည်း ငါ့လမ်းငါလျှောက်မယ်"

Ji လှည့်ထွက်သွားပြီးတဲ့အထိ ကျွန်တော် နေရာမှာတင်ရပ်နေမိတုန်း။ လှုပ်လည်းမလှုပ်နိုင်။ အသက်လည်း မရှူနိုင်။

"ဘာ... ဘာလို့လဲ"

မျက်ရည်တွေက ကျွန်တော့်ရဲ့ မျက်လုံးထောင့်ကနေ စီးကျလာကြတယ်။ Ji က ကျွန်တော်ငိုရင် မနေတတ်ဘူးလေ။ အခုများတော့ လှည့်တောင်မကြည့်ခဲ့ဘူး။ မနေ့ညက Ji တခြားတစ်ယောက်နဲ့ အတူရှိနေတာကို ကျွန်တော်ပြဿနာရှာလိုက်မိတယ်။ ဒါပေမယ့် အဲဒါက အခုလောက်အထိ ဆိုးရွားသွားလိမ့်မယ်မှန်းသာ သိခဲ့ရင် ကျွန်တော်လျစ်လျူရှုခဲ့မှာပေါ့။

အခုတော့... အခုတော့ အားလုံးပြီးဆုံးသွားပြီ။
တစ်ယောက်တည်းရှိတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်း၊ ချစ်သူ၊ မိသားစု... သူက အခုတော့ ကျွန်တော့်အနားကနေ ထွက်ခွားသွားခဲ့ပြီ။

တကယ်ပဲ ပြီးဆုံးသွားခဲ့ပြီ။
Ji သာ မရှိရင် ကျွန်တော်အသက်ဆက်ရှင်နေလည်း ဘာထူးမှာလဲ။ ဒီတိုင်း... သေလိုက်ရမလား။

မျက်စိရှေ့က တံတားဘောင်ပေါ် ကျွန်တော် မတ်တပ်တက်ရပ်လိုက်တယ်။ လေတွေ တဖြူးဖြူးတိုက်နေတာကြောင့် ကျွန်တော့်ရဲ့ ဆံသားဝါဝါတွေက လေမှာတလွင့်လွင့်။

Ji ထားခဲ့တဲ့ နေရာလေးမှာပဲ ကျွန်တော်နေသွားတော့မယ်။ ဘယ်ကိုမှ မသွားတော့ပဲ ဝိဉာဉ်အဖြစ်နဲ့ပဲ ဒီနေရာလေးကနေ Ji ကို စောင့်မယ်။

Suicide DiariesWhere stories live. Discover now