Suicide Diaries [Part 7] U

173 18 9
                                    

မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ အိမ်ကလေးဟာ အတော်လေး သားနားလျက်ရှိတယ်။

ကျွန်တော်ထားခဲ့တုန်းကအတိုင်း ပုံမပျက်ဘဲ ရှိနေခဲ့တဲ့ ပရိဘောဂတွေကအစ အထီးကျန်နေသလိုပါပဲ။ Seungmin ကို ခေါ်လို့ အိမ်ထဲဝင်ရောက်လာတော့ မသန့်ရှင်းတာကြာပြီမို့ ဖုန်နံ့တချို့ ရနေခဲ့တယ်။

မီးဖိုချောင်ဆီ လျှောက်လာခဲ့ပြီး ထမင်းစားစားပွဲပေါ်က ဖုန်အလိမ်းလိမ်းတက်နေတဲ့ ဒိုင်ယာရီစာအုပ်လေးတွေကို ကောက်သိမ်းရင်း ဘူးလေးထဲ ပြန်ထည့်လိုက်တယ်။ Jeongin နောက်ဆုံးချန်ခဲ့တဲ့ စာရွက်လေးကို ဆုပ်ချေပြစ်လိုက်ရင်း အမှိုက်ပုံးထဲ စွန့်ပြစ်လိုက်တယ်။

မတွေ့ကြတော့ဘူးဆိုရင်တောင် ကောင်းတဲ့အမှတ်တရလေးတွေကိုပဲ ဦးနှောက်ရဲ့ တစ်နေရာမှာ သိမ်းဆည်းသွားချင်ပါတယ်။

"အိမ်ပိုင်ရှင်ကရော"

Kim Seungmin ရဲ့ အမေးကြောင့် ကျွန်တော်လည်ပြန် လှည့်ကြည့်လိုက်တယ်။ သူက ဧည့်ခန်းထဲက နံရံမှာချိတ်ထားတဲ့ ကျွန်တော်နဲ့ Jeongin ရဲ့ ဓာတ်ပုံတွေကို ကြည့်ရင်း ရေရွတ်လာခဲ့တာဖြစ်တယ်။

"ထွက်သွားခဲ့တာ ကြာပေါ့"

"ဘယ်သွားတာလဲ။ နိုင်ငံခြား?"

"ထင်တာပါပဲ"

ကျွန်တော့်ရဲ့ မသေချာမရေရာတဲ့အပြောကိုကြားတော့ Seungmin က ကျွန်တော့်အနား လျှောက်လို့လာတယ်။

"ဘာကိုဆိုလိုတာလဲ ထင်တာပဲဆိုတာက"

"မသိဘူး။ သူ ဘယ်ကိုထွက်သွားခဲ့လဲဆိုတာ ငါ မသိဘူး။ ဒီတိုင်း ဒီဘူးလေးပဲချန်ထားခဲ့ပြီး ထွက်သွားခဲ့တာ။ မျက်နှာချင်းဆိုင်ပြီးတောင် နှုတ်ဆက်မသွားခဲ့ဘူး"

"အာ..."

ကျွန်တော့်ရဲ့ ဝမ်းနည်းရိပ်သမ်းနေတဲ့ မျက်ဝန်းတွေကြောင့်က သူက အာမေဍိတ်သံလေးတစ်ခုနဲ့ ပွေ့ဖက်လာပါတယ်။

"ဝမ်းမနည်းပါနဲ့။ ပြီးသွားတာတွေက ပြီးသွားပြီပဲဟာ။ ပြောရမှာ အားတော့နာပေမယ့် အခုလက်ရှိတော့ သူ့အကြောင်းပြန်တွေးမနေပါနဲ့တော့။ ခင်ဗျားရဲ့ အရှေ့မှာရှိနေတဲ့ ကျွန်တော့်ကိုပဲ ခေါင်းထဲထည့်ထားပါ။ အနည်းဆုံးတော့ ကျွန်တော်က ထားသွားမှာမဟုတ်ဘူးလေ"

Suicide DiariesWhere stories live. Discover now