Suicide Diaries [Part 5] U

144 12 4
                                    

"Ji... မင်းလားဟင်"

ကျွန်တော့်အမေးကို မကြားချင်ယောင်ဆောင်နေတဲ့ Ji က ကျွန်တော့်ဆီလှည့်ကြည့်မလာခဲ့ပါ။

"Ji... မင်း ပြန်ရောက်လာတာလား။ ငါ မင်းကို တွေ့ချင်နေခဲ့တာ"

Ji ကို ကျွန်တော်ပြေးဖက်လိုက်တော့ ပြောင်းလဲသွားတာက Jeongin ရယ်။

"Lix... နှုတ်ဆက်ပါတယ်"

Jeongin က နှုတ်ဆက်စကားကို ခပ်တိုးတိုးဆိုရင်း ကျွန်တော့်ဘက်လှည့်ကြည့်လာတယ်။ အခု ကျွန်တော့်အရှေ့မှာ မြင်တွေ့နေရတာက Captain Hwang ဖြစ်လို့နေပြီ။

"မင်း အဆင်ပြေမှာပါ။ ကိုယ် မရှိလည်း မင်းသေချာပေါက်..."

"မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော်အဆင်မပြေဘူး။ သေချာပေါက် အဆင်မပြေတာမို့ မထားခဲ့ပါနဲ့။ ဘာမဆို လိုက်လျောပေးမှာမို့ ကျွန်တော့်ကို သနားပါဦးဗျာ"

ကျွန်တော်ငိုယိုရင်း တောင်းပန်နေခဲ့ပေမယ့် ကျွန်တော့်လက်မောင်းတွေကြားထဲက ပုံရိပ်လေးကတော့ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့တယ်။

"မဟုတ်ဘူး! မသွား... မသွားပါနဲ့။ ထပ်ပြီး မထားခဲ့ပါနဲ့တော့..."

"ဟေ့... ခင်ဗျား"

ကျွန်တော် မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့ မိုက်ခနဲမူးသွားတယ်။ အပြင်က အတော်လေးလင်းထိန်နေတာမို့ မျက်လုံးတွေကို တစ်ခဏမျှ ပြန်မှိတ်ချလိုက်တယ်။ ပြီးတဲ့နောက် တဖန်ပြန်ဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ကို စိုးရိမ်တကြီးစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေနဲ့ အကြည့်ချင်းစုံလေရဲ့။

"ခင်ဗျား သတိရလာပြီလား။ ခဏလေး... ဆရာဝန်ခေါ်ပေးမယ်"

သူက ကျွန်တော်ကုတင်ဘေးက ခလုတ်လေးကို နှိပ်လိုက်တယ်။ ပြီးတဲ့နောက် ကျွန်တော့်နဖူးကို လက်နဲ့စမ်းလို့ တစ်ဖက်လက်က သူ့နဖူးသူပြန်စမ်းတယ်။

"သိပ်မပူတော့ဘူး။ ခင်ဗျား မနေ့ညက အဖျားတွေတက်နေခဲ့တာ"

ကျွန်တော် သူ့ကို စကားပြောဖို့ပါးစပ်ဟလိုက်တာနဲ့ လည်ချောင်းတွေက ခြောက်သွေ့နေတာမို့ ချောင်းတစ်ချက်သာဆိုးမိသွားတယ်။ သူက အလိုက်တသိပဲ ဘေးနားက ရေဘူးလေးကို ပိုက်တပ်ပြီး ကျွန်တော့်နှုတ်ခမ်းတွေဆီ တည့်ပေးလာတယ်။

Suicide DiariesWhere stories live. Discover now