"ကိုယ် အနားယူတော့မယ် Lix"
Captain Hwang ရဲ့ စကားက မယုံချင်စရာ။
"ကိုယ် အနားယူတော့မယ်။ ပြီးရင်... Hawaii ကို အပြီးထွက်သွားတော့မယ်"
"ဘာ... ဘာဖြစ်လို့လဲ။ ဘာလို့... ဘာလို့..."
"ကိုယ်တောင်းပန်ပါတယ်။ ဒါပေမယ့် စောင့်ထိန်းရမယ့် ကတိကဝတ်တွေက ရှိသေးတာမို့ ကိုယ်သွားမှဖြစ်မယ်။ Y/N နဲ့ လက်ထပ်ပွဲဖိတ်စာကို မင်းဆီ သေချာပေါက် ပို့ပေးပါ့မယ်"
လက်ထပ်မယ်။ Captain Hwang က လက်ထပ်ရမယ့်သူရှိတာ တစ်ခါမှမပြောပြခဲ့ဖူးဘူး။ ကျွန်တော်က အဲသည့်လောက်တောင် အရေးမပါခဲ့တာလား။
"ဒါပေမယ့် ကျွန်တော်ကရော... Hwang မရှိပဲ ကျွန်တော်ကရော ဘယ်လိုနေရမှာလဲ"
ကျွန်တော့်မျက်ဝန်းတွေ ကျိန်းစပ်နေခဲ့တယ်။ မမှတ်မိချင်ခဲ့တဲ့ အတိတ်က ပုံရိပ်တချို့က ကျွန်တော့်ဦးနှောက်ထဲ ဟိုတစ်စ သည်တစ်စ။
"Listen to me Lix..."
သူက ကျွန်တော့်ပါးပြင်တွေကို အုပ်ကိုင်လာတယ်။ ကျွန်တော့်မျက်နှာကို ဆွဲယူလို့ နဖူးပြင်ပေါ်တစ်ချက်နမ်းပြီး မျက်နှာပြောင်စွာပဲ ဆိုလာခဲ့တယ်။
"မင်း အဆင်ပြေမှာပါ။ ငါမရှိလည်း မင်း သေချာပေါက် အဆင်ပြေမှာပါ"
ဘာလို့လဲ။ ဘာဖြစ်လို့များ အကုန်လုံးက ကျွန်တော့်ကို ထားသွားချင်ကြတာလဲ။ ဘာဖြစ်လို့များ ကံကြမ္မာက ကျွန်တော့်အပေါ် သိပ်ကို...။
Captain Hwang က အထုပ်အပိုးတချို့ကိုဆွဲရင်း ကျွန်တော့်မျက်စိရှေ့ကနေ ထွက်သွားခဲ့တယ်။ Ji ထွက်သွားတုန်းကလိုပဲ။ တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ဘူး။ ကျွန်တော့်ပါးပြင်ပေါ်က မျက်ရည်ကြည်တွေကို မမြင်ချင်လို့လည်း ပါမှာပါ။
မှတ်မှတ်ရရ ဒီနေ့က Korea ပြန်ရောက်ပြီး သုံးရက်အကြာ ဧပြီလရဲ့ ပထမဆုံးရက်။
ဘာဖြစ်လို့များ အရာအားလုံးက ခက်ခဲနေရတာလဲ။ ပြီးပြည့်စုံပြီး သာမန်ဆန်တဲ့ဘဝလေးကို လိုချင်မိတာက အဲသည့်လောက်တောင် မှားခဲ့တာလားဟင်။
ဘာဖြစ်လို့... ဘာဖြစ်လို့များ ကျွန်တော့်ဘဝက အခုလိုမျိုးတွေဖြစ်နေရတာလဲ။ ကျွန်တော်ဖတ်ဖူးတဲ့ ဝတ္ထုတွေထဲမှာဆိုလည်း ဇာတ်လိုက်ရဲ့ဘဝက သိပ်နာကျင်ရတယ်။ ဒါပေမယ့် အနည်းဆုံးတော့ သူ့မှာ ထာဝရအတွက် ပွေ့ပိုက်ထားပေးမယ့် ပါတနာက အမြဲအသင့်ရှိနေခဲ့တယ်လေ။ ကျွန်တော်နဲ့မှ မတူပဲ။
YOU ARE READING
Suicide Diaries
Fanfictionကျွန်တော့်ဘဝတစ်လျှောက် ချစ်ခဲ့မိတဲ့ ယောက်ျားခုနှစ်ယောက်အကြောင်း STRAY KIDS | OT8 [Felix x SKZ] [Felix x OT7 MYANMAR FANFIC] This book may contain some kind of Sexual Contents or maybe smut?? Idk So, if you're uncomfortable, just don't read >< Hope y...