Suicide Diaries [Part 8] U ⚠

229 21 7
                                    

"ဒီနေ့လစာထုတ်ရက်မို့ ဝယ်ကျွေးတာ။ ခင်ဗျားကြိုက်တာစား"

အခုကျွန်တော်တို့ ရောက်နေတာက ကိတ်မုန့်ဆိုင်တစ်ခု။ ဟုတ်တယ်။ Kim Seungmin က အခုဆို အလုပ်နဲ့အကိုင်နဲ့ ဖြစ်နေပြီလေ။ သူ စတိုးဆိုင်လေးတစ်ဆိုင်မှာ အလုပ်ရပြီးကတည်းက ကျွန်တော်လည်း အဲသည့်ဆိုင်မှာပဲ သွားသွားဝယ်တတ်တာ။

ဒါပေမယ့် ဘာလို့မှန်းမသိ သူ့သူဋ္ဌေးက သူ့ကို အိမ်အတွက်ဆိုပြီး အမြဲမုန့်တွေထည့်ပေးလေ့ရှိတယ်။ စိတ်ထဲခုနေပေမယ့်လည်း သူက ပြောပါတယ်။ သူ့မှာ ကျွန်တော်တစ်ယောက်ပဲ ရှိတာတဲ့။

"ဘာတွေစဉ်းစားနေတာတုန်း ခင်ဗျားရဲ့။ ကြိုက်တာသာ ယူပါဆိုနေ။ သူဋ္ဌေးက bonus ပေးလိုက်တယ်ဗျ။ ခင်ဗျားကို မုန့်ဝယ်ကျွေးလိုက်ဆိုပြီး..."

သူ့အပြောကြောင့် ကျွန်တော်မျက်မှောင်ကြုတ်လိုက်တယ်။ မကြိုက်ပါ။ သူ့နှုတ်ခမ်းက တခြားသူအကြောင်း အရေးတယူပြောနေတာကို။

"မင်းလည်း အဲသည့်သူဋ္ဌေးမပါရရင်ကို မပြီးဘူးနော်"

"ခင်ဗျားမကြိုက်ရင် မပြောတော့ပါဘူးဗျာ။ လာပါ။ အရင်မှာရအောင်"

ဒီလိုနဲ့ပဲ brownie တချို့နဲ့ အအေးမှာလိုက်ကြတယ်။ အင်း... စတွေ့ခဲ့ကြတုန်းကဆို အအေးနှစ်ခွက်ဝယ်သောက်ဖို့တောင် ကျွန်တော်တို့မှာ ပိုက်ဆံအလုံအလောက်မရှိခဲ့ကြဘူး။ ဒါပေမယ့် အခုများတော့ မပြည့်စုံတာတောင် ပျော်နေရတယ်လေ။ ဒီအပျော်လေးကို တစ်သက်တာလုံး ပွေ့ပိုက်သွားချင်တယ်။ နောက်ဆုံးထွက်သက်ထိတိုင် Seungmin ရဲ့လက်ကို မလွှတ်တမ်းဆွဲထားချင်တယ်။

"ကောင်းလား... Blueberry က"

သူက ကျွန်တော့်အအေးခွက်ကို ယူလို့ တစ်ငုံသောက်တယ်။

"ဘာလို့ သောက်တာလဲ။ မင်းမှာလည်း ရှိရဲ့သားနဲ့"

"ခင်ဗျားနှုတ်ခမ်းတွေနဲ့ ထိထားတာက ပိုချိုမယ်ထင်လို့"

သူ့အပြောကြောင့် ကျွန်တော်ပြုံးလိုက်မိတယ်။ ပြီးတဲ့နောက် သူ့အအေးခွက်ကို ပြန်ယူလို့ တစ်ငုံသောက်ပေးလိုက်တယ်။

"အွီး... ခါးတယ်"

"အွီးလုပ်မနေနဲ့။ အဲဒါ Ice Americano လေ။ မခါးလို့ ချိုနေမှာလား"

Suicide DiariesWhere stories live. Discover now