Suicide Diaries [Part 9] U

204 24 9
                                    

Seungmin နဲ့ အတူရှိခဲ့တာ တစ်နှစ်ပြည့်သွားခဲ့ပြီ။ June လလည်း စလာပြီဖြစ်ပြီး သူလည်း အခုဆို အလုပ်ကနေထွက်ပြီး တခြားပိုကောင်းတဲ့ အလုပ်တစ်ခုလုပ်ဖို့ စီစဉ်တော့မယ်။

"ခင်ဗျား..."

"အင်း"

"ဘာလို့သိပ်ချစ်ဖို့ကောင်းနေတာလဲ"

"မင်းရဲ့ ကောင်လေးမို့လို့လေ"

သူက ကျွန်တော့်ခါးကို ဖက်တွယ်ထားပြီး ကျွန်တော့်ရဲ့ဝမ်းဗိုက်ထဲ မျက်နှာကို တိုးဝှေ့နေတယ်။ ယားကျိကျိတော့ဖြစ်ပေမယ့် ခွေးပေါက်လေးကိုတော့ မတွန်းထုတ်ရက်ပါဘူး။

"ကျွန်တော်ပြန်လာရင် ညစာအတူသွားစားကြမလား။ ဆိုင်ကောင်းကောင်းတစ်ခုသိထားတယ်"

"အင်း... မင်းသဘော"

"ကျွန်တော့်သဘောက ခင်ဗျားသဘောလေဗျာ"

သူက ပြောပြောဆိုဆို ကျွန်တော့်ရဲ့ ဗိုက်သားတွေကို ကိုက်တယ်။ သူ့ခေါင်းကို ခပ်ဖွဖွထုလိုက်တော့ မော့ကြည့်လာပါတယ်။

"မကိုက်နဲ့လေ။ မင်းက ခွေးလား"

"ခင်ဗျားအတွက်ဆို ခွေးပဲဖြစ်ရဖြစ်ရ"

အလျှော့မပေးဘဲ ထပ်ကိုက်နေတဲ့ အငယ်တစ်ယောက်ကြောင့် ကျွန်တော် သက်ပြင်းခိုးချလိုက်တယ်။ ပြီးတဲ့နောက် သူ့မျက်နှာကို ဆွဲမော့လို့ နှုတ်ခမ်းကို အသံမြည်အောင် တစ်ချက်နမ်းလိုက်ပါတယ်။

"ဟုတ်ပါပြီ ခွေးပေါက်ရယ်။ အဝတ်အစားလဲပြီး အလုပ်သွားပါတော့။ ဒီနေ့က နောက်ဆုံးရက်ကို"

"ဟွန့်... ခင်ဗျားကြောင့်မို့လို့နော်။ အလုပ်က ပြန်လာရင် ဆက်ကိုက်မှာ။ အဲ့အခါကျရင် ဗိုက်တင်မကတော့ဘူး"

"အွီး... ကြားရတာ ကြက်သီးထတယ်။ မြန်မြန်သွားတော့..."

ကျွန်တော်သူ့ကို ပခုံးကနေတွန်းတော့ သူက ကျွန်တော့်တကိုယ်လုံးကို ပြန်ဆွဲညှစ်ပြီးမှ ထသွားပါတယ်။ မသွားမဖြစ်လို့သား သွားခိုင်းရတာ။ ကျွန်တော့်စိတ်ထဲ လေးနေတယ်။

ဘာကိုအလိုမကျမှန်းလည်း မသိတာမို့ သူ့ကိုမနှုတ်ဆက်ခင် တစ်ခွန်းမှာလိုက်သေးတယ်။

Suicide DiariesWhere stories live. Discover now