Suicide Diaries [Part 6] U

160 13 8
                                    

"ကယ်ပေးခဲ့လို့ ကျေးဇူးမတင်ပေမယ့် မင်း သွားလို့ရပြီ။ လိုချင်တာတွေယူပြီး သွားလို့ရပြီ"

"ခင်ဗျား ကျွန်တော့်ကို မတိုင်ဘူးလား"

ဆေးရုံဆင်းပြီးလို့ ဆေးရုံအဝ‌ရောက်တဲ့အထိ အနောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး နှောက်ယှက်‌နေခဲ့တဲ့ ကောင်လေးက အတော်လေးအဖမ်းခံချင်နေသလိုပဲ။

"ဒီမှာ... ငါ မင်းကို ပြောပြီးပြီလေ။ ခက်ခက်ခဲခဲလုပ်စားပြီး ရှင်သန်နေရတဲ့ဘဝကို ငါနားလည်တာမို့ ငါ မင်းကို တိုင်မှာမဟုတ်ဘူး။ အဲတာကြောင့်မို့ မင်း သွားလိုရာသွားပါတော့"

"သွားမှာပါ။ ဒါပေမယ့် အနည်းဆုံးတော့ ခင်ဗျားနာမည်လေး ပြောပြလေ"

အခုချိန်ထိ လက်လျှော့မယ့်ပုံမပေါ်တဲ့ ကောင်လေးကြောင့် သက်ပြင်းတစ်ချက်ချလိုက်မိတယ်။ ပြန်ပြောဖို့ ဟန်ပြင်နေတုန်းမှာပဲ သွေးတွေအတော်ဆုံးရှုံးထားရတာမို့ မိုက်ခနဲဖြစ်သွားမိတော့ သူက ကျွန်တော့်ခါးကို ထိန်းကိုင်ပေးလာတယ်။

"ရရဲ့လား။ ခင်ဗျား ဒီလိုပုံနဲ့ မဖြစ်ပါဘူးဗျာ။ လာ... ကျွန်တော့် ကျောပေါ်တက်။ လိုက်ပို့ပေးမယ်"

ပြောပြောဆိုဆိုနဲ့ ကျွန်တော့်ကို ကျောပေးလို့ ဒူးထောက်ထိုင်ချလိုက်တဲ့ သူ့ကို ဘေးပတ်ဝန်းကျင်က လူတွေက ကွက်ကြည့်ကွက်ကြည့်။

"မ... မလိုပါဘူး။ ငါ့ဘာသာ လျှောက်နိုင်..."

"ကျစ်...! လမ်းတစ်ဝက်မှာ မူးလဲသွားရင် ဆေးရုံထဲပြန်ဝင်နေရမယ်။ တက်မှာသာ တက်စမ်းပါဗျာ။ ကျွန်တော်လိုက်ပို့ပေးပါ့မယ်ဆိုနေ"

"ဒါပေမယ့်..."

"ဒါပေမယ့်တွေ ဘာတွေလုပ်မနေနဲ့။ မြန်မြန်တက်။ ကျွန်တော်ညောင်းလာပြီ"

အဆုံစွန်းထိ လက်လျှော့မှာမဟုတ်မှန်း ကျွန်တော်လည်း အတပ်သိတာမို့ တွေဝေမနေတော့ပဲ သူ့ကျောပေါ်သာ တက်လိုက်လာခဲ့တော့တယ်။ သူက ကျွန်တော့် ဒူးကောက်ကွေးတွေကို ချီမထားရင်း ကျွန်တော့်ကိုယ်လေးကို အပေါ်ကို မြှောက်လို့ ပင့်တင်လိုက်တယ်။ ဦးထုပ်အမဲရောင်ရဲ့အောက်မှာ ထိုးထွက်နေတဲ့ သူ့ဆံသား‌ပျော့ပျော့ဆီက‌နေ ရနေတဲ့ လာဗန်ဒါရနံ့တွေက ကျွန်တော့် အနံ့ခံအာရုံထဲ တဝဲလည်လည်။

Suicide DiariesWhere stories live. Discover now